အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက “ဂန္တ၀င်ရွှေပုဂံ” (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်တေးဂီတ စတင်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင် ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။ မိုးဟိန်းဟာ ထောင်ထွက်ဗျ၊ မိန်းမရှိနေလျှက်နဲ့ထောင်ထဲမှာတွေ့ခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေးတဦးကို လူပျိုဆိုပြီးလက်ထက်ခွင့် လိမ်ညာတောင်းခံခဲ့တယ်၊ ထောင်ကလွတ်လာတော့ အိမ်ထောင်ပြုခဲ့တယ်။ နောက် သားသမီး ၃ ယောက်မွေးခဲ့တယ်။ သူက ထောက်လှမ်းရေး(၇)မှာလဲ သတင်းပေး လုပ်ခဲ့ ဖူးသေးတယ်ဗျ ။ ထောက်လှမ်းရေး(၇)ကဖွင့်ထားတဲ့ Power ရေဆေးဆီထိုးလုပ်ငန်း မှာ မန်နေဂျာလုပ်ခဲ့သေးတယ်။ နောက် ၁၆ နှစ်သမီးကို အလိုမတူဘဲ ယိုးဒယားကို ခိုးပြေးပြန်တယ်။ ရှုပ်တာကတော့ တိတ်တိတ်ပုန်းတစ်မျိုး ပေါ်တင်တစ်မျိုး၊ အမျိုးမျိုးပါပဲ။
https://www.facebook.com/pages/တွေးမယ်-ရေးမယ်/488742237863922?ref=hl
