မိုးဟိန်းအကြောင်းပြောရင်းနဲ့ အဓိက ပါဝင်လာတာက ဆရာကျောင်း (ဦးအောင်ကိုဝင်း) ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိုးဟိန်းနဲ့ ဦးအောင်ကိုဝင်းတို့ဟာ ရင်းနီးသူတွေ ဖြစ်ကြပါတယ်။ မိုးဟိန်းကိုယ်တိုင်က ဦးအောင်ကိုဝင်းကို ဦးလေး ဟုသာ ခေါ်ပါတယ်။ သူရိယအလင်း ဂျာနယ်တုံးကလဲ ဂျာနယ်ထွက်တာနဲ့ KBZ ကို အမြဲ အစောင် ၅၀ ပို့ပေးရပါတယ်။ ဒါဆို သူရိယအလင်းကနေ ဦးတေဇ အပါအဝင် ခရိုနီတွေကို ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ၊ ဦးအောင်ကိုဝင်းကိုယ်တိုင် ခရိုနီ မဟုတ်လို့လား?၊ ဒါကတော့ ရိုးရှင်းလှပါတယ် ခရိုနီ အချင်းချင်း အားပြိုင်တာပေါ့ဗျာ၊ လေးစားသမှုနဲ့ အားပြိုင်တယ်လို့ သုံးတာပါ၊ ခပ်ရိုင်းရိုင်းပြောရရင် စားခွက်လုတာပေါ့ဗျာ။
ဦးအောင်ကိုဝင်းက မြန်မာ့လေကြောင်းနဲ့ ပေါင်းပြီး Air KBZ ကို ထူထောင်တယ်၊ ဒါပေမဲ့ Air Bagan ကို သူ့လေကြောင်းလိုင်းက မယှဉ် နိုင်ခဲ့ဘူး။ ဟိုက သူ့ထက် ဖွင့်တာ ပိုစောတာကို၊ ဒီကြားထဲ Asian Wings လေကြောင်းလိုင်းက ဂျပန်က ANA လေကြောင်းလိုင်းနဲ့ ပေါင်းလိုက်တော့ သူ အတော်ခံပြင်းသွားတယ်၊ ဒါကြောင့် ပြိုင်ဘက်လူ ပျက်စီးရာပျက်စီးကြောင်း မိုးဟိန်းလိုလူကို လူမိုက်မွေးတော့တာဘဲ မိုးဟိန်းကလဲ ဦးအောင်ကိုဝင်းအကြိုက်လိုက်ပြီး သူ့ဂျာနယ်ထဲမှာ အများတကာ သိရှိပြီး အကြောင်းအရာတွေကို ပုံကြီးချဲ့ သူဘဲ ရေးရဲသယောင်၊ သူဘဲ ပြောရဲသယောင် နဲ့ လူမိုက်ပုံစံ ဖမ်းပြီး KBZ ကလွဲလို့ ကျန်းတာတွေကို အားလုံးစိန်ခေါ်တော့တယ်။ ဒီနေရာမှာ မိုးဟိန်းက နဲနဲတော့ လယ်တယ်ဗျ၊ စစ်တပ်က လက်ရှိ လူကြီးတွေ ၊ သမတကြီးအပါအဝင် လူကြီးတွေကိုတော့ ချန်ထားပါတယ်။ သူနဲ့ သူ့ဦးလေးကို ပြန်ထိမှာကြောက်တာကို။
ဦးအောင်ကိုဝင်းဟာဆိုရင် သူ့ရဲ့ လုပ်ရပ်က အတော်သိသာပြီး အတော် အောက်တန်းကျတဲ့ လုပ်ရပ်နဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒီလိုတိုက်ခိုက်ဖို့ မိုးဟိန်းလို လူမိုက်ကို ရှာရတာဘဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးဟိန်းဟာ အမေရိကန် နိုင်ငံသားခံယူထားသူ နောက် (၄) လလောက်ဆို ပြည်ဝင်ခွင့် သက်တန်း ကုန်တော့မဲ့သူ ပြဿနာဖြစ်တာနဲ့ နိုင်ငံခြား ရှောင်သွားနိုင်သူ။ ဒါမျိုးကို ရှာရွေးထားတာ။
ဒီတော့ မိုးဟိန်းက ဘယ်လိုလူလဲ ဆိုတာ ပြောကြရအောင်
မိုးဟိန်းရဲ့ အမည်ရင်းက နိုင်ဝင်း တဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၂၇) ကို တက်ခွင့် ရခဲ့တယ်။ ဒါပေမဲ့ ပထမ နှစ်မှာဘဲ သူ့ရဲ့ နောက်ကြောင်းကို လိုက်တော့ (ဗကပ) နဲ့ ဆက်သွယ်မှု ရှိတယ်ဆိုတာ သိရလို့ နောက်ကြောင်း မရှင်းတဲ့ အပြစ်နဲ့ စစ်တက္ကသိုလ်ကနေ RTH (Return to Home) လုပ်ခံရတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က စစ်တက္ကသိုလ်တက်၊ ရာထူးကြီးကြီးရအောင်လုပ် ပြီးမှ စစ်တပ်ကြီးကို ဗကပ အောက် ရောက်အောင်လုပ်ဖို့ ရည်ရွယ်တာ။ တော်တော် အကြံ ပက်စက်တဲ့အကောင်။ မယုံရင် ခင်ဗျားတို့ လေ့လာကြည့်နိုင်ပါတယ်။
၈၈ အရေးအခင်းကြတော့ ကျောင်းသားယောင်ယောင် ပါတီရောင်ရောင်လုပ်လို့ ထောင်ထဲတော့ ရောက်ခဲ့သေးတယ်ဆိုတာတော့ အမှန်ပါ။ ထောင်က ထွက်တော့ တောခိုခဲ့တယ်။ တောထဲမှာ နေရင်းကနေ ယခင် ထောက်လှမ်းရေး(၇) နဲ့ အဆက်အသွယ်ရပြီး ပြန်လာတယ်။ နောက်နော့ ထောက်လှမ်းရေး (၇) ကဖွင့်ထားတဲ့ Power ကားရေဆေး ဆိုင်မှာ မန်နေဂျာ အလုပ် ဝင်လုပ်ခဲ့တယ်။ တနည်းပြောရရင် ထလတ (၇) က သတင်းပေး မွေးလိုက်တာပေါ့ ။ ဒီကောင်က ထောက်လှမ်းရေးလဲ သတင်းပေးတယ်။ တဖက်က ကျောင်းသားအဖွဲ့အစည်းနဲ့လည်း ဆက်သွယ်ခဲ့တယ်။ နှစ်ဖက်ချွန်ပေါ့ဗျာ။ ရေဆေးဆိုင်မှာ အလုပ် လုပ်ရင်း အဲဒီဆိုင်က စာရေးမလုပ်နေတဲ့ ရှမ်းမလေးကို ခိုးပြေးတော့တာဘဲ။ ခိုးပြေးတာမှာ ထိုင်း နိုင်ငံရောက်အောင် ပြေးတော့တာ ထိုင်း ကနေမှတဆင့် မိုးသီးဇွန် ရဲ့ အဆက်အသွယ်နဲ့ အမေရိကန် ရောက်ပြီး အမေရိကန် နိုင်ငံသား ခံယူထားတာ ဒါဆို ဒီကောင်ဟာ နိုင်ငံအပေါ်မှာ ဘယ်လောက်သစ္စာရှိနိုင်သလဲ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲ ဆိုတာ စဉ်းစားလို့ ရရောပေါ့ဗျာ။ အဲဒီသူနဲ့ရတဲ့ရှမ်းမလေးအဆက်အသွယ်နဲ့ သူလဲ ဦးအောင်ကိုဝင်းနဲ့ ရင်းနီးတာ သူမိန်းမက သူနဲ့ရတော့ ၁၆ နှစ်ဘဲ ရှိသေးတာ၊ သူ့မိန်းမက ဦးအောင်ကိုဝင်းကို ဦးလေးခေါ်တော့ သူလဲ လိုက်ပြီး ဦးလေးခေါ်နေတာ တကယ်ဆို ဦးအောင်ကိုဝင်းနဲ့ မိုးဟိန်းက အသက်သိပ်ကွာတာမဟုတ်ဘူး။
ကျွန်တော်ပြောချင်တာက ဆရာကျောင်းကိုလဲ အပြစ်မဆိုပါဘူး၊ ဦးတေဇကိုလဲ ဖါးပြောတာမဟုတ်ပါဘူး ခရိုနီဆိုတာ အာဏာရှင် အုပ်ချုပ်နေသမျှ ရှိနေမှာဘဲ ခုလို အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အချိန်မှာ တချိန်က ခရိုနီတွေကို တိုက်ခိုက်နေမဲ့အစား ခရိုနီတွေရဲ့ အင်အားကိုယူ၊ ခရိနီတွေနဲ့ ညှိတန် ညှိပြီး နိုင်ငံ တိုးတက်အောင်၊ ပြည်ပက ဝင်လာမဲ့ အမြတ်ထုပ်မဲ့ ကုမ္ပဏီတွေကို ယှဉ်နိုင်အောင် ဘယ်လိုစုစုစည်းစည်း လုပ်ကြမလဲ ဆိုတာ စဉ်စားသင့်တဲ့အချိန်မှာ မိုးဟိန်းလို နှစ်ဖက်ချွန် ၊ ခလောက်အဆံလို အကောင်ရဲ့ တိုက်ခိုက်ပေးမှုနဲ့ သွေးကွဲနေကြမှာလဲ၊ မိုးဟိန်းလို အကောင်ရဲ့ ပြောစကားတွေကို "ခွေးလှေးခုန်လို့ ဖုန်မထပါဘူး" လို့ဘဲ သဘောထားလိုက်ကြပါလား၊ ဒါဆိုနိုင်ငံတော်အတွက် ဘယ်လောက် အင်အားတွေ ရရှိကြမလဲ ဒီလိုမျိုး မဖြစ်သင့်ဘူးလားဗျာ? .........
ကိုဖိုးကောင်း

