Sunday, December 29, 2013

မိုးဟိန်းဆိုတာ ဘယ်သူလဲ၊ ဘာတွေလုပ်ခဲ့သလဲ

0 comments
Photo: မိုးဟိန်းဆိုတာ ဘယ်သူလဲ၊ ဘာတွေလုပ်ခဲ့သလဲ

ခုတလော ဂျာနယ်လောကမှာ နဲနဲ လှုပ်သွားသူတစ်ဦးရှိပါတယ် သူကတော့ မိုးဟိန်း ခေါ် နိုင်ဝင်းပါ မိုဟိန်းရဲ့ လုပ်ဆောင်မှုကြောင့် ဂျာနယ်လောက ပြည်သူလူထုအတွင်း အနည်းငယ်တော့ ဂရက် ရိုက်ခဲ့ပါတယ်၊ အနည်းငယ်ပါ တကယ့်ကို အနည်းငယ်ထည်းပါ။ ဘာလို့လဲဆိုတော့ သူ့ကို လက်ခံသူ နည်းလို့ဘဲဖြစ်ပါတယ်။ အချို့ကလဲ ပြောကြမှာပေါ့ သူပြောတာ သူရေးတာ မမှန်လို့လား မကောင်းလို့ဆိုပြီး တွေးစရာတော့ ရှိပါတယ်
ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ပညာရှိမဆန်ဘူး၊ လူမိုက်ဆန်နေတယ်။ မလိုတမျိုး လိုတမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကလောင်အမည် စစ်သူရဲ ဗလမင်းထင်၊ ထောင်သူရဲ ဘအုပ် စတဲ့ ကလောင်နဲ့ ရေးတဲ့ စောင်းပါးတွေမှာ စစ်တပ်က ဦးသန်းရွှေတို့ ဦးမောင်အေးတို့ကို ဘာမှ မစား မသောက် ရိုးအသူကြီးတွေဆိုပြီး ဖေါ်ပြထားတယ်။ ဒီလူကြီးတွေနဲ့ပတ်သက်လို့ ပြောပြစရာမလိုအောင်ကို ပြည်သူတွေက သိပြီးသားပါ။သူမို့ ဒီလိုစကား ပြောထွက်တယ်လို့ဘဲ ဆိုချက်ပါတယ်။
သူက ခရိုနီတွေကို အဓိကထားတိုက်တယ်၊ နိုင်ငံတခုမှာ ခရိုနီဆိုတာ အာဏာရှင်မရှိဘဲနဲ့ ဘယ်လိုမှ ဖြစ်လာစရာ မရှိဘူးအဓိကတရားခံက အာဏာရှင်ဘဲ။ အဓိကတရားခံကို မတိုက်ဘဲ ကြားခံကို တိုက်နေတယ်၊ သစ်ခုတ်တဲ့ ခရိုနီဆိုပြီး အဓိကထားတိုက်တာတွေ့ရပါတယ်။ ဒီနေရာမှာ သစ်ခုတ်တာနဲ့ပတ်သက်လို့  ဦးတေဇ က အခွင့်အရေးရလို့ လုပ်ကိုင်ခွင့်ရလို့ လုပ်တာဘဲ အကယ်၍သာ ဦးတေဇ အခွင့်အရေးမရဘဲ အခြားတစ်ဦး အခွင့်အရေး ရခဲ့ရင်လဲ ဒီလိုဘဲ ခုတ်မှာဘဲ ဒီနေရာမှာ ကျွန်တော်တခုမေးချင်တာက သစ်ခုတ်တဲ့ အခွင့်ရေးကို ဦးတေဇမရဘဲ ကိုမိုးဟိန်းနဲ့ သူ့ကို ထောက်ခံနေသူတွေ သူ့ကို ထောက်ပံ့ပေးနေသူတွေ သူတို့တတွေ အခွင့်အရေး ရရင်ရော မခုတ်ဘဲ နေမှာလား ငါတော့ သစ်ခုတ်ခွင့် ရတယ်ကွာ တိုင်ပြည်ရဲ့ ရတနာတွေ မခုတ်ချင်ဘူး နိုင်ငံတော်ကို ပြန်အပ်ပါမယ် ဆိုသူ ဘယ်သူရှိမလဲ ကျွန်တော့်အထင်တော့ တစ်ဦးမှ ရှိမယ်မထင်ပါဘူး။ ကိုယ်အခွင့်အရေးမရလို့ အခွင့်အရေးရသူကို မကြေမနပ်ပြောတယ်လို့ဘဲ ထင်ပါတယ်။ 
မိုးဟိန်းတကယ်သတ္တိ ရှိပါသလား။ အကယ်၍သာ သတ္တ တကယ်ရှိရင် သူ့စောင်းပါးတွေမှာ ဘာဖြစ်လို့ အဓိကတရားခံ အာဏာရှင်တွေကို မတိုက်ခိုက်သလဲ ဦးအောင်ကိုဝင်းကိုရော ဘာဖြစ်လို့ ချန်ထားပါသလဲ၊ ဘာဖြစ်လို့ သူ့ဂျာနယ်ထဲမှာ KBZ နဲ့ပတ်သက်ပြီး ကောင်းသတင်းကလွဲပြီး မကောင်းသတင်း မရေးတာလဲ၊ 
ကျွန်တော်ကတော့ သူ့လိုမျိုး ကြီးပွါးသူတွေကိုမနာလိုလို့ ပြောတာမဟုတ်ပါဘူး၊
ဖြစ်သင့်တာကို ပြောပြတာပါ၊ ရေးမဲ့ရေးရင်လဲ အပြည့်အစုံ လူစုံတက်စုံ ရေးပေါ့ ကွက်မချန်သင့်ပါဘူး၊ ဒါဆိုတခုပြောမယ် ဦးတေဇက သစ်ခုတ်ပြီး ချမ်းသာလာတာမှန်တယ်ဆိုရင် ဦးအောင်ကိုဝင်း ကျောင်းဆရာဘဝကနေ ဘယ်လိုအကြောင်းတွေကြောင့် ဒီလို နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘဏ် KBZ ကို ထူထောင်နိုင်ပါသလဲ၊ ဒါတွေကို မိုးဟိန်း ဘာ့ကြောင့် မရေးတာလဲ၊ မပြောတာလဲ.........

ဆက်လက်ဖေါ်ပြပါမည်။

Leave a Reply

--