Tuesday, April 29, 2014

သူရိယနေ၀န်းကြောင့်ဒီမိုကရေစီလမ်း ဘယ်ရောက် ဘယ်ပေါက်မည်မသိ..ကျွန်တော် သိသည်က..မရှိဆင်းရဲသားတို့ ငါးရာကျပ် ငွေအပို ထွက်သွားကြသော ပီဘိ တကယ့်ဘ၀များသာဘိ။

0 comments
ဟိုမိတ်ဆွေအိမ်မှာ တွေ့ ၊ ဒီလူ့ လက်ထဲ ကိုင်၊ ဆိုက်ကားဆရာ အစ ရှိုးရွန်းပိုင်ရှင်ရဲ့  ကားဒက်စ် ဘုတ်ပေါ်အထိ ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း (သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်နေတာ အကဲခတ်မိသည့်နောက် ဂျာနယ်ရဲ့  “ပေါက်အား” ကို အသိအမှတ် မပြုလို့  မရဘိ။

လက်ပွေ့ ရောင်းသမားလေးတွေခမျာ “သူရိယ” မြင်ရင်ဘဲ ဟင်းအိုးကောင်း မြင်သည့်နှယ် ယူမယ် ကုန်မယ် သေချာတယ် တကဲကဲရှိ။

ဒီညမှာ ဆွေမျိုးရင်းချာအိမ်တစ်အိမ် ရောက်သွားခိုက် စကားလမ်းကြောင်းက ဒီဂျာနယ်ဆီ ဦးတည် သွားရင်း နောက်တစ်ပတ်ထုတ် တစ်ထောင်ကျပ် ဆိုလည်း ၀ယ်မယ် ၀ယ်မယ် ဟန်တပြင်ပြင် လက်ခမောင်း ထ ခတ်၏။
ဟိုမိတ်ဆွေအိမ်မှာ တွေ့ ၊ ဒီလူ့ လက်ထဲ ကိုင်၊ ဆိုက်ကားဆရာ အစ
ရှိုးရွန်းပိုင်ရှင်ရဲ့  ကားဒက်စ်ဘုတ်ပေါ်အထိ ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း
(သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်နေတာ အကဲခတ်မိသည့်နောက်
ဂျာနယ်ရဲ့  “ပေါက်အား” ကို အသိအမှတ် မပြုလို့  မရဘိ။

လက်ပွေ့ ရောင်းသမားလေးတွေခမျာ “သူရိယ” မြင်ရင်ဘဲ
ဟင်းအိုးကောင်း မြင်သည့်နှယ် ယူမယ် ကုန်မယ် သေချာတယ် တကဲကဲရှိ။

ဒီညမှာ ဆွေမျိုးရင်းချာအိမ်တစ်အိမ် ရောက်သွားခိုက် စကားလမ်းကြောင်းက
ဒီဂျာနယ်ဆီ ဦးတည်သွားရင်း နောက်တစ်ပတ်ထုတ် တစ်ထောင်ကျပ် ဆိုလည်း
ဝယ်မယ် ၀ယ်မယ် ဟန်တပြင်ပြင် လက်ခမောင်း ထ ခတ်၏။

ဂျာနယ်၊ သတင်းစာတွေရဲ့  ထုတ်ဝေမှုစောင်ရေ မှတ်တမ်းမှတ်ရာ တိတိကျကျကို
တကယ် မသိရှိသလို၊ တစ်စောင်ချင်းစီရဲ့  အမြတ်အရှုံး ပမာဏကိုလည်း
စီးပွားရေးဥာဏ် ထုံထိုင်းသူ ဆိုချင်ဆိုပါစေ ဒါလည်း တကယ် မသိရှိ။

အဲဒီအိမ်ကတစ်ယောက် တွက်ပြတာက ဒီဂျာနယ် တစ်စောင် ၁၀၀ ကျပ်ဘဲ မြတ်၊
စောင်ရေ (၃) သောင်း အနည်းဆုံး ရောင်းထွက်နိုင်တယ် တွက်ကြည့် ဆိုပြီး
ဂဏန်းပေါင်းစက် ရှေ့ ချပေးပြီး အလုပ်ပေးတာကို တထောက်ထောက်နဲ့ 
ခေါက်ပြီးသည့်အဆုံး ကျပ်ငွေ သိန်း (၃၀)ကိစ္စ ဖြတ်ခနဲ ပေါ်လာမိ။

မိုးဟိန်း၏ “ခရိုနီများ ဘုံးဘုံးပစ်လဲရမည်” စလိုဂမ်၊ အောင်ရမည်/မအောင်ရမည်
ရှေ့ ရေး ဘာဖြစ်မည် ကျွန်တော် မသိ..

ဆင်စွယ်ရဲတိုက်ပေါ်က စစ်အာဏာရှင် ဗိုလ်သန်းရွှေ၏ သားသမီး မြေးမြစ်တော်များ
အနှီ ဂျာနယ် စနက်ကြောင့် ဘုန်းတော်ကုန် ဥာဏ်တော်ခမ်း အိုမင်းမစွမ်း
ပါဝါ ကျ/မကျ အနာဂတ်ရေး ဘာလိုဖြစ်မည် ကျွန်တော် မသိ..

စစ်ခရိုနီ ဆွေတစ်အုပ်၏ ဆွေစဉ်မျိုးဆက် ဆယ်သက်ဆယ်ကမ္ဘာ သုံးမကုန် ဖြုံးမကုန်၊
ကြွယ်ဝချမ်းသာမှုများ လာလတ္တံ့ တွင် အလုံးအပြား လျှော့သွား/မသွားဆိုတာလည်း
ကျွန်တော် မသိ..

သူရိယအလင်း/နေ၀န်း ကြောင့် ဗမာပြည်၏ ဒီမိုကရေစီလမ်း ရှေ့ ကြောင်း၊
နောက်ကြောင်း၊ အလယ်ကြောင်း ဘယ်စခန်း ဘယ်မြန်း
ဘယ်ရောက် ဘယ်ပေါက်မည် ကျွန်တော် မသိ..

ကျွန်တော် သိသည်က..
နတ်ကရာကြည့်မော သည့် မရှိဆင်းရဲသားတို့ ၏ တစ်စောင် ငါးရာကျပ် ငွေအပို
ထွက်သွားကြသော ပီဘိ တကယ့်ဘ၀များသာဘိ။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

 
သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။

အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွားတာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်ကိုယ့် ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်းဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွားခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာ တွင်အစားထိုး၍ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်း ဆက်လက်ထုတ်ဝေ၍ ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာမှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှတောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့ မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။

သံတော်ဆင့်အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်းဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။

သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။

သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

Ref & Credit :news-eleven.com
www.thefreenote.com

Leave a Reply

--