Tuesday, April 29, 2014

ကိုကိုးကျွန်းတွင် တရုတ်ရေတပ်စခန်းရှိသည် သူရိယနေ၀န်းမဟုတ်မမှန်ရေးသားဖော်ပြ

0 comments




ယခုအပတ်အတွင်း ထုတ်ဝေခဲ့သည့် ဧရာဝတီသတင်း Website နှင့် သူရိယနေ၀န်း သတင်းစာပါ မြန်မာ နိုင်ငံပိုင် ကိုကိုးကျွန်းတွင် တရုတ်ရေတပ်အခြေစိုက်စခန်းများရှိပြီး လေယာဉ်ကွင်းများအား တိုးချဲ့ဖောက်လုပ် နေသည့် သတင်းနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးမှ ငြင်းဆိုသွားခဲ့သည်။ ၎င်းမှ “အဲဒီ သတင်း လုံးဝမမှန်ပါဘူး၊ ကိုကိုးကျွန်းမှာ ဘယ်နိုင်ငံခြားသား စစ်အခြေစိုက်စခန်းမှ မရှိပါဘူး၊ ကိုကိုးကျွန်းမှာ ရှိတဲ့ လေယာဉ်ကွင်းကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲက တည်ဆောက်ထားတာပါ၊ အရင်တုန်းက ပြေးလမ်း တိုတဲ့အတွက် လေယာဉ်လေးတွေသာ ဆင်းသက်လို့ရပါတယ်၊ အခု ကိုကိုးကျွန်းမှာရှိတဲ့ ဒေသခံပြည်သူလူထုနဲ့ ၀န်ထမ်းတွေ အဆင်ပြေစွာ သွားလာနိုင်စေဖို့ ATR-72 လေယာဉ်တွေ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ဖို့ လေယာဉ်ပြေးလမ်းအရှည်ကိုချဲ့နေတာတော့ရှိပါတယ်၊ သတင်းထောက်တွေအပါအ၀င် မည်သူမဆိုကိုကိုးကျွန်း ကို သွားရောက်လေ့လာနိုင်ပါတယ်၊ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းကလဲ တစ်လနှစ်ခေါက်ပြန်သဘောင်္တွေ ပြေးဆွဲ နေတာရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေအရ ကျွန်တော်တို့နိုင်ငံပိုက်နက်မှာ ဘယ်နိုင်ငံခြားသား တပ်ကိုမှ တပ်စွဲထားခွင့်မရှိပါဘူး”ဟု ပြောဆိုသွားသည်။

ထို့အတူ ကိုကိုးကျွန်း အထက်တန်းကျောင်းတွင် အထက်တန်းပြဆ ရာတာဝန်ထမ်းဆောင်နေသူ ဆရာဦးမင်းလှိုင်မှလည်း “ကိုကိုးကျွန်း မှ ဒေသခံတွေနဲ့ ၀န်ထမ်း တွေအပါအ၀င် လူ (၁၀၀၀ )လောက်ပဲရှိပါတယ်၊ လူနည်းတဲ့အတွက် ကျွန်းပေါ်ကို လူစိမ်းတက်လာရင် ချက်ချင်း သိပါတယ်။ အခုအချိန်အထိ ကျွန်းပေါ်မှာ တရုတ်လူမျိုး တစ်ယောက်မှ မရှိပါဘူး။ တရုတ်စစ်အခြေစိုက်စခန်း ရှိတယ်ဆိုတာလဲ မမှန်ပါဘူး၊ ဒါ သက်သက် ကျွန်တော်တို့နိုင်ငံကို သိက္ခာကျအောင်လုပ်နေတယ် လို့ မြင်ပါ တယ်။ လူတိုင်း ဒီကို လာလည်လို့ရနေတာပဲ၊ အရင်ကလည်း အပျော်စီးသင်္ဘောတွေလာပါတယ်။ လာလေ့လာ လို့ရပါတယ်၊ တရုတ်ရေတပ်စခန်းမပြောနဲ့၊ တရုတ်လူမျိုးတောင် တစ်ယောက်မှမရှိပါဘူး” ဟုပြောဆိုသွားသည်။

ကိုကိုးကျွန်းသည် မြန်မာနိုင်ငံတောင်ပိုင်း၊ ဧရာဝတီတိုင်း၏ တောင် ဘက်တွင် သော မြန်မာပိုင် ကျွန်းတစ်ကျွန်း ဖြစ်သည်။ ယခုအခါ မြန်မာ့တပ်မတော်ရေမှ အခြေချ စခန်းတစ်ခုရှိကြောင်းသိရှိရသည်။ လွန်ခဲ့သည့်နှစ်ဒီဇင်ဘာလ(၁၄)ရက်နေ့တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ မြန်မာနိုင်ငံတွင် တည်ဆောက် ထားသည့် F-11 အောင်ဖေယျ ဖရီးဂိတ် စစ်သင်္ဘောဖြင့်သွားရောက်ခဲ့ကြောင်း သိရှိရသည်။

မာတင်လေး
Hein Htet Fb

Sunday, February 16, 2014
Continue reading →

နိုင်ငံရေးသမားများကြောင့် မီဒီယာလောက နာမည်ပျက်ရ ဆိုတဲ့ထဲမှာမိုးဟိန်းရဲ့  သူရိယနေ၀န်းလဲပါ

0 comments





မီဒီယာကျင့်ဝတ် တည်ဆဲဥပဒေတို့ကို လိုက်နာခြင်း မရှိသော နိုင်ငံရေးအရ တိုက်ကွက်ဖော်ရန် ၀င်ရောက်လာသော မီဒီယာများကြောင့် မီဒီယာသမား အစစ်များ နာမည်ပျက်ရကြောင်း၊ နိုင်ငံရေးသမားကို မီဒီယာလောကမှ မောင်းထုတ်ရန် အချိန်တန်ပြီ ဖြစ်ကြောင်း သိရှိရသည်။

"အခုနောက်ဆုံး ပြဿနာဖြစ်တဲ့ ယူနတီဂျာနယ်ဆိုရင် သူ့သတင်းကိုကြည့်၊ ဆောက်လုပ်ရေးလုပ်သား၊ ရွာသားတစ်ဦး ဒီလို သတင်း အရင်းအမြစ်တွေနဲ့ သတင်းကို တည်ဆောက်ထားတာ။ တော်တော်ကလေးကို လိုအပ်ချက် ရှိတယ်။ နောက် ဓါတုလက်နက်စက်ရုံဆိုတဲ့ ကိစ္စ။ ဒီကိစ္စက နိုင်ငံတကာမှာ အလေးထားနေတဲ့ အကြောင်းအရာဖြစ်နေတယ်။ မသေချာရင် မရေးသင့်ဘူး။ သေချာတယ် ဆိုရင်တောင် နိုင်ငံတော်လျှို့ဝှက်ချက် ဆိုတာကို စဉ်းစားသင့်တယ်။ ပြန်ကြည့်ရင် ယူနတီဂျာနယ်က ကျားဖြူပါတီက ထုတ်တာ။ ဒီတော့ အစိုးရကို တိုက်ခိုက်တဲ့ နိုင်ငံရေးအကွက်တွေကို မီဒီယာမှာ လာပြီး ကစားတယ်။ ဒီတော့ ပွဲဆူအောင် လူများအောင် သက်သက်လုပ်တယ်။ ဒီတော့ အမှန်တစ်ကယ် မီဒီယာတွေ ရောယောင်ပြီး နာမည်ပျက်တယ်" ဟု မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

"နိုင်ငံရေးသမားတွေ မီဒီယာလောကကို ဖျက်ဆီးနေတယ် ဆိုတာကို ကျွန်တော်တော့ ထောက်ခံတယ်။ ဒီလှိုင်း ဂျာနယ်ဆိုရင် NLD ၊ ယူနတီဆို ကျားဖြူ၊ ပြည်ထောင်စုနေ့စဉ်နဲ့ လူထုပုံရိပ်ဆိုရင် ကြံ့ခိုင်ရေး၊ သူရိယနေ၀န်း ဆိုရင် ၈၈၊ သံတော်ဆင့်ဆိုရင် ဦးဆန်းဆင့်၊ လမ်းဘေးအမြင် ဆိုရင် ဦးရွှေမန်းနဲ့ ဦးခင်ရွှေ ဒီလိုမျိုးတွေ လုပ်လာကြတယ်။ နိုင်ငံရေးအရ တိုက်ခိုက်တာတွေ ထိုးနှက်တာတွေ အပုပ်ချတာတွေက ထုံးစံဆိုတာ နားလည်တယ်။ ဒါပေမယ့် ပြည်သူတွေထဲမှာ ကျတော့ ဒါက နိုင်ငံရေးသမားတွေ လုပ်တာ၊ ဒါက မီဒီယာသမားတွေ လုပ်တာ သေချာ မသိကြတော့ဘူး။ ပြီးတော့ အပုပ်ချ တိုက်ခိုက်တဲ့ အ၀ါရောင်စာနယ်ဇင်းတွေဆို ရောင်းကောင်းတယ်။ နိုင်ငံရေးသမားတွေက အကွက်ချပြီး ဆော်တာနှက်တာတွေ လုပ်တယ်။ ဒါကြောင့် မီဒီယာလောကကို ထိန်းဖို့ မီဒီယာသမားတွေကိုယ်တိုင် နိုင်ငံရေးသမားတွေကို ဆန့်ကျင်ကြဖို့ အချိန်တန် နေတာ မဟုတ်ဘူး။ နောက်ကျနေပြီ။ ကျွန်တော့်သဘောကတော့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်မယ့်သူကို မူလကတည်းက ခွင့်ပြုချက် မပေးဖို့ စည်းမျဉ်းစည်းကမ်း ချမှတ်ဖို့ လိုမယ် ထင်ပါတယ်" ဟု ၀ါရင့်အယ်ဒီတာချုပ်တစ်ဦးက ပြောဆိုသည်။

"သမ္မတတ ဘာလုပ်လုပ် ထောက်ခံ၊လွှတ်တော်ဥက္ကဋ္ဌ ဘာပြောပြော လက်ခုပ်တီးနေတဲ့ အုပ်စုတွေ၊ သမ္မတကို အဆိုးပြော၊ လွှတ်တော်ကို အပြစ်တင်၊ တပ်မတော်ကို အကောင်းမမြင်၊ အတိုက်အခံကို အထင်သေး၊ ဒီမိုကရေစီဗန်းပြပြီး ငါနဲ့ ငါ့တို့ဝါဒပဲ ကောင်းတယ်လို့ ပြောနေတဲ့ အကျိုးအပဲ့ အနီပျက်တွေ၊ တပ်နဲ့ ပတ်သက်သမျှ ဝေဖန်ထောက်ပြမှုမှန်သမျှ အဆိုးမြင်ရှုထောင့်က ဘာသာပြန်နေသူတွေ၊ ဒီမိုနာမည်ခံပြီး ကိုယ်နဲ့ အယူအဆမတူသူတွေကို တစ်တစ်ခွခွ ဆဲဆိုနေသူတွေ၊ ကိုယ့်ရဲ့အပြုအမူ အပြောအဆိုက ဒီမိုကရေစီကို အရောင်တင်နေတာလား၊ အရောင်ဆိုးနေတာလား နားမလည်တဲ့သူတွေ၊ ဒီမိုဘက်သားဆိုပြီး ဒီမိုမြတ်နိုးသူတွေ နာမည်ပျက်အောင် လုပ်နေသူတွေ၊ သင်္ဃန်းခြုံပြီး ဗုဒ္ဓမကြိုက်တာ လုပ်နေသူတွေ၊ ဘာသာခြားယောင်ဆောင်ပြီး အထိကရုဏ်းဖြစ်အောင် လမ်းလွှဲနေသူတွေ၊ မီဒီယာကို မီဒီယာနဲ့ တိုက်ဖို့ စနစ်တကျ ပြင်ဆင်ပြီး အွန်လိုင်းပေါ်မှာ စစ်ပွဲတစ်ပွဲလို စနစ်တကျ ဗြူဟာခင်း၊ အကွက်ချ တိုက်ခိုက်နေသူတွေ၊ ပုံနှိပ်မီဒီယာလောကထဲကို အားလုံးပတ်ဆဲဝင်လာပြီး သတင်းသမားတွေ တရားရင်ဆိုင်၊ ထောင်ထဲအထည့်ခံရအောင် တမင်လုပ်နေတဲ့သူတွေ၊ မင်းသားကြီးမလုပ်ရရင် ပတ်မကြီးထိုးဖောက်ဖို့ အတွက် လူ့အန္ဓအင်အားတွေစုပြီး အသင့်ပြင်ထားတဲ့သူတွေ၊ မဖြစ်ညစ်ကျယ် ရာထူးလေးနဲ့ ကိုယ့်ကိုယ်ကိုယ် နယ်စားပယ်စားလို အထင်ရောက်နေတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်တွေ၊ ငါ့စကားနွားရ၊ ငါပြောတာအမှန်၊ ငါလုပ်တာအမှန်၊ ငါသိတာ အမှန်ယူဆပြီး ငါတံတိုင်းခတ်ထားတဲ့သူတွေ စတဲ့ ပြောရင် ကုန်ဖွယ်မရှိသူတွေအကြောင်း ကျနော်တို့ ဘယ်လောက် လေ့လာထား၊ သိထားကြပြီလဲဆိုတာကိုလည်း သတင်းသမားဖြစ်တဲ့ ကျနော် ကိုယ်နယ်ပယ်အတွက် စိတ်ပူမိတယ်" စာနယ်ဇင်းကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ရှင်းပြသည်။

"မီဒီယာဆိုတာ မီဒီယံက လာတာ။ ကြားနေရမယ်။ ဘက်မလိုက်ရဘူး။ အခု မြန်မာနိုင်ငံမှာ
ဖြစ်ပျက်နေတာက တရားဝင်ဆဲဆိုခွင့်လိုင်စင် ရချင်ရင် မီဒီယာလုပ်ဆိုတာမျိုး ဖြစ်နေတယ်။ ကျင့်ဝတ်တွေ ဥပဒေတွေ မပြောနဲ့ လူမှု နီတိတောင် မသိတဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေကို ကြည့်လိုက်ရင် နိုင်ငံရေးသမားတွေ၊ ပြီးတော့ နာမည်ကြီးချင်တဲ့ သူတွေ၊ အပေါစားနိုင်ငံရေးသမားတွေက များနေတယ်။ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ သူ့ပါတီရဲ့ မူဝါဒတွေ လုပ်ဆောင်ချက်တွေ လူထုသိအောင် ဖြန့်ဖြူးဖို့ မီဒီယာ သုံးရမယ် ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံစာနယ်ဇင်းလောကကြီးတစ်ခုလုံး သုံးစားလို့မရတော့တဲ့အနေအထား ဖြစ်အောင် လုပ်ဆောင်နေတဲ့ နိုင်ငံရေး အရောင်အသွေး ရှိသူတွေကိုတော့ ပြန်စဉ်းစား သုံးသပ်သင့်ပြီ ထင်တယ်။ မနေ့တစ်နေ့ကမှ မီဒီယာလောကထဲဝင်လာတယ်။ ဒီနေ့ ပတ်ဆဲနေတယ်။ တစ်ကယ်တမ်းကျတော့ သူဂျာနယ်က စောင်ရေတက်၊ ရောင်းကောင်း၊ မီဒီယာသမားတွေကတော့ နာမည်တွေပျက် ဖြစ်နေတာ။ ဒီတော့ မီဒီယာသမား စစ်စစ်တွေ စည်းလုံးညီညွတ်ဖို့၊ ဒီကိစ္စကို ဖြေရှင်းဖို့ လိုအပ်နေပြီ လို့ပဲ ထင်ပါတယ်" ဟု ဂျာနယ်တစ်စောင်တွင် နှစ်ရှည်လုပ်ကိုင်ခဲ့သူ တစ်ဦးက ပြောသည်။

"ယူနတီ ဂျာနယ်ကိစ္စ။ သူ့ဘာသာ ကြေညာချက် ထုတ်ထုတ် ဘာလုပ်လုပ် ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က ကိုယ့်ဂျာနယ်ရပ်တည်နိုင်ရေး ရုန်းကန်နေရတာ။ ပြောကြကြေးဆိုရင် ဒီကြေညာချက် ထုတ်တဲ့ အဖွဲ့အစည်းတွေကရော ဒီလို စုန်းပြူးကောင်တွေကို ဘယ်လို အရေးယူမလဲ မေးချင်တယ်။ သူများကို ဘလက်ညိုးမထိုးနဲ့။ ကိုယ့်လူတွေကို ပြန်ကြည့်လိုက်ဦး။ နှစ်ပတ်သက်တမ်းပဲ ရှိသေးတဲ့ သတင်းထောက် ရေးတဲ့ သတင်း။ ပုံနှိပ်စာလုံးနဲ့ စာမျက်နှာပေါ် ရောက်ရင် သတင်းဖြစ်ပြီ ထင်ထားတဲ့ ကိစ္စ။ ယူနတီသတင်းတွေ ပြန်ဖတ်ကြည့်။ ရပ်ကွက်ထဲမှာ မူးလာရင် မကျေနပ်ချက်တွေ ပတ်ပြောတဲ့ ပုံစံမျိုးသာသာနဲ့။ သူရိယနေ၀န်းတို့ သံတော်ဆင့်တို့၊ လူထုပုံရိပ်တို့ ပြည်သူ့ဆန္ဒ ဖတ်ကြည့်။ လူထုပုံရိပ်ဆို ကြံ့ခိုင်ရေးပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရှမ်းပြည်နယ်အတွက် ဆိုပြီး ထုတ်တာလို့ ကြားတယ်။ မီဒီယာလောကကြီး ဘယ်လာကောင်းတော့မလဲ။ စဉ်းစားသာကြည့်။ ပေါလိုက်တဲ့ အယ်ဒီတာ၊ ပေါလိုက်တဲ့ သတင်းထောက်တွေ။ အရည်အချင်းကို ဆန်းစစ်ကြည့်။ စာနယ်ဇင်းကောင်စီက လုပ်သင့်တာက ဘယ်သင်တန်းတွေ တက်ပြီးမှ တရားဝင် သတင်းထောက် ဖြစ်ခွင့်၊ အယ်ဒီတာဖြစ်ခွင့် ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပေးသင့်ပြီ။ ကြာလာရင် မီဒီယာ သိက္ခာကျတယ်" ဟု အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်၏ အယ်ဒီတာချုပ်တစ်ဦးက ပြောဆိုသည်။

"နိုင်ငံရေးပါတီတွေမှာ ပြည်သူလူထုကို မူဝါဒတွေ လုပ်ဆောင်ချက်တွေ သိရှိအောင် လုပ်ဖို့ မီဒီယာကို သုံးရမှာပဲ။ ပါတီတွေမှာ ပါတီအရောင်အသွေး တော့ ရှိမှာပဲ။ ဒီလှိုင်းဂျာနယ်မှာ NLD ရဲ့ ၀ါဒဖြန့်ချိရေးတွေ ပါမှာပဲ။ ပါတီစာစောင်ကိုးဗျ။ ဦးဝင်းတင် ပြောတာတွေ ရမ်းကားတယ်၊ သိက္ခာမရှိဘူး လို့ ပြောရအောင် ဒီနေ့ မြန်မာမီဒီယာတွေကရော ဘယ်လောက်အဆင့်အတန်း ရှိသလဲ ပြန်ကြည့်ဖို့ လိုတယ်။ ဦးဝင်းတင်က ဟုတ်တိုင်းမှန်ရာကိုသာ ပြောတာ ဖြစ်တယ်။ အစိုးရကိုတော့ ပြောရမှာပဲ။ ကျွန်တော်တို့က အတိုက်အခံပါတီကြီး ဖြစ်နေတာကို။ ဒီလှိုင်းဂျာနယ်မှာ သူ့စည်းကမ်းနဲ့ သူရှိတယ်။ မီဒီယာသမား စစ်စစ်ဆိုတဲ့သူတွေကရော ဒီလှိုင်းလို စည်းကမ်းတောင်မှ ရှိပါရဲ့လား။ ဒီလှိုင်းဂျာနယ်က မမှန်သတင်း မရေးဘူး။ မီဒီယာတွေ မမှန်သတင်းရေးလို့ တောင်းပန်နေရတာ ခဏခဏပဲ။ နိုင်ငံရေးသမားကြောင့် မဟုတ်ဘူး။ ကောင်းတဲ့မီဒီယာ ကောင်းမှာပဲ။ ညံ့တဲ့မီဒီယာကတော့ ညံ့မှာပဲ။ နဂိုကတည်းက အရည်အချင်းမရှိတဲ့ တိုက်တွေကတော့ ဘယ်လိုလုပ် လိုက်မှီနိုင်မလဲ။ နိုင်ငံရေးပါတီတွေ ထုတ်တဲ့ စာစောင်တွေထဲမှာလည်း ကောင်းတဲ့သူကောင်း၊ ညံ့တဲ့သူညံ့ ဒီလိုပဲ ဖြစ်မှာပဲ။ မီဒီယာစစ်စစ်တွေထဲမှာလည်း ကျင့်ဝတ်မညီတဲ့ နမူနာတွေ အများကြီး ရှိပါတယ်။ မီယာလောက နာမည်ပျက်တာဟာ မီဒီယာသမားတွေကြောင့်ပဲ။ နိုင်ငံရေးသမားတွေကြောင့် လုံးဝမဟုတ်ဘူး" ဟု NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဥာဏစိုးက တုံ့ပြန် ပြောကြားခဲ့သည်။

မီဒီယာလောက ပျက်စီးစေသည်မှာ နိုင်ငံရေးသမားများကြောင့်လား၊ မီဒီယာ သမားများကိုယ်တိုင်
ကြောင့်လား ဆိုသည်ကို မီဒီယာလောကသားများကပင် ပြန်လည်လေ့လာဖြေရှင်းရမည် ဖြစ်သည်။

ပြည်သူ့အာဏာ
05-02-2014
Continue reading →

သူရိယနေ၀န်းကြောင့်ဒီမိုကရေစီလမ်း ဘယ်ရောက် ဘယ်ပေါက်မည်မသိ..ကျွန်တော် သိသည်က..မရှိဆင်းရဲသားတို့ ငါးရာကျပ် ငွေအပို ထွက်သွားကြသော ပီဘိ တကယ့်ဘ၀များသာဘိ။

0 comments
ဟိုမိတ်ဆွေအိမ်မှာ တွေ့ ၊ ဒီလူ့ လက်ထဲ ကိုင်၊ ဆိုက်ကားဆရာ အစ ရှိုးရွန်းပိုင်ရှင်ရဲ့  ကားဒက်စ် ဘုတ်ပေါ်အထိ ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း (သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်နေတာ အကဲခတ်မိသည့်နောက် ဂျာနယ်ရဲ့  “ပေါက်အား” ကို အသိအမှတ် မပြုလို့  မရဘိ။

လက်ပွေ့ ရောင်းသမားလေးတွေခမျာ “သူရိယ” မြင်ရင်ဘဲ ဟင်းအိုးကောင်း မြင်သည့်နှယ် ယူမယ် ကုန်မယ် သေချာတယ် တကဲကဲရှိ။

ဒီညမှာ ဆွေမျိုးရင်းချာအိမ်တစ်အိမ် ရောက်သွားခိုက် စကားလမ်းကြောင်းက ဒီဂျာနယ်ဆီ ဦးတည် သွားရင်း နောက်တစ်ပတ်ထုတ် တစ်ထောင်ကျပ် ဆိုလည်း ၀ယ်မယ် ၀ယ်မယ် ဟန်တပြင်ပြင် လက်ခမောင်း ထ ခတ်၏။
ဟိုမိတ်ဆွေအိမ်မှာ တွေ့ ၊ ဒီလူ့ လက်ထဲ ကိုင်၊ ဆိုက်ကားဆရာ အစ
ရှိုးရွန်းပိုင်ရှင်ရဲ့  ကားဒက်စ်ဘုတ်ပေါ်အထိ ဒီနေ့ ထွက်တဲ့ သူရိယနေ၀န်း
(သူရိယအလင်း)ဂျာနယ် ဖွေးဖွေးသဲသဲလှုပ်နေတာ အကဲခတ်မိသည့်နောက်
ဂျာနယ်ရဲ့  “ပေါက်အား” ကို အသိအမှတ် မပြုလို့  မရဘိ။

လက်ပွေ့ ရောင်းသမားလေးတွေခမျာ “သူရိယ” မြင်ရင်ဘဲ
ဟင်းအိုးကောင်း မြင်သည့်နှယ် ယူမယ် ကုန်မယ် သေချာတယ် တကဲကဲရှိ။

ဒီညမှာ ဆွေမျိုးရင်းချာအိမ်တစ်အိမ် ရောက်သွားခိုက် စကားလမ်းကြောင်းက
ဒီဂျာနယ်ဆီ ဦးတည်သွားရင်း နောက်တစ်ပတ်ထုတ် တစ်ထောင်ကျပ် ဆိုလည်း
ဝယ်မယ် ၀ယ်မယ် ဟန်တပြင်ပြင် လက်ခမောင်း ထ ခတ်၏။

ဂျာနယ်၊ သတင်းစာတွေရဲ့  ထုတ်ဝေမှုစောင်ရေ မှတ်တမ်းမှတ်ရာ တိတိကျကျကို
တကယ် မသိရှိသလို၊ တစ်စောင်ချင်းစီရဲ့  အမြတ်အရှုံး ပမာဏကိုလည်း
စီးပွားရေးဥာဏ် ထုံထိုင်းသူ ဆိုချင်ဆိုပါစေ ဒါလည်း တကယ် မသိရှိ။

အဲဒီအိမ်ကတစ်ယောက် တွက်ပြတာက ဒီဂျာနယ် တစ်စောင် ၁၀၀ ကျပ်ဘဲ မြတ်၊
စောင်ရေ (၃) သောင်း အနည်းဆုံး ရောင်းထွက်နိုင်တယ် တွက်ကြည့် ဆိုပြီး
ဂဏန်းပေါင်းစက် ရှေ့ ချပေးပြီး အလုပ်ပေးတာကို တထောက်ထောက်နဲ့ 
ခေါက်ပြီးသည့်အဆုံး ကျပ်ငွေ သိန်း (၃၀)ကိစ္စ ဖြတ်ခနဲ ပေါ်လာမိ။

မိုးဟိန်း၏ “ခရိုနီများ ဘုံးဘုံးပစ်လဲရမည်” စလိုဂမ်၊ အောင်ရမည်/မအောင်ရမည်
ရှေ့ ရေး ဘာဖြစ်မည် ကျွန်တော် မသိ..

ဆင်စွယ်ရဲတိုက်ပေါ်က စစ်အာဏာရှင် ဗိုလ်သန်းရွှေ၏ သားသမီး မြေးမြစ်တော်များ
အနှီ ဂျာနယ် စနက်ကြောင့် ဘုန်းတော်ကုန် ဥာဏ်တော်ခမ်း အိုမင်းမစွမ်း
ပါဝါ ကျ/မကျ အနာဂတ်ရေး ဘာလိုဖြစ်မည် ကျွန်တော် မသိ..

စစ်ခရိုနီ ဆွေတစ်အုပ်၏ ဆွေစဉ်မျိုးဆက် ဆယ်သက်ဆယ်ကမ္ဘာ သုံးမကုန် ဖြုံးမကုန်၊
ကြွယ်ဝချမ်းသာမှုများ လာလတ္တံ့ တွင် အလုံးအပြား လျှော့သွား/မသွားဆိုတာလည်း
ကျွန်တော် မသိ..

သူရိယအလင်း/နေ၀န်း ကြောင့် ဗမာပြည်၏ ဒီမိုကရေစီလမ်း ရှေ့ ကြောင်း၊
နောက်ကြောင်း၊ အလယ်ကြောင်း ဘယ်စခန်း ဘယ်မြန်း
ဘယ်ရောက် ဘယ်ပေါက်မည် ကျွန်တော် မသိ..

ကျွန်တော် သိသည်က..
နတ်ကရာကြည့်မော သည့် မရှိဆင်းရဲသားတို့ ၏ တစ်စောင် ငါးရာကျပ် ငွေအပို
ထွက်သွားကြသော ပီဘိ တကယ့်ဘ၀များသာဘိ။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

 
သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။

အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွားတာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်ကိုယ့် ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်းဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွားခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာ တွင်အစားထိုး၍ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်း ဆက်လက်ထုတ်ဝေ၍ ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာမှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှတောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့ မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။

သံတော်ဆင့်အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်းဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။

သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။

သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

Ref & Credit :news-eleven.com
www.thefreenote.com
Continue reading →

--