Post by တွေးမယ် ရေးမယ်.
၁၉.၁၀.၂၀၁၃ ရက်နေ့ကပေါ့။ မီဒီယာလောက၊ ဂျာနယ်လစ်လောကမှာ
မိုးဟိန်းဖြတ်သန်းလာခဲ့တဲ့ အခြေအနေကို ဂျာနယ်လစ်တစ်ယောက်က မေးတယ်။
မိုးဟိန်းဖြေသွားတာကတော့-
သူဟာ ဂျာနယ်လစ်တစ်ယောက် မဟုတ်ပါဘူး… မီဒီယာသမားမဟုတ်ပါဘူး…တဲ့။ နိုင်ငံရေးခေါင်း ဆောင်ဟောင်း တစ်ယောက်ပါ..တဲ့။ ဥက္ကဋ္ဌ မင်းကိုနိုင်၊ ဒုဥက္ကဋ္ဌကိုကိုကြီးတို့နဲ့ ဗကသမှာ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဖွဲ့တော့ ဥက္ကဋ္ဌမိုးသီးဇွန်နဲ့အတူ သူက အထွေ ထွေအတွင်းရေးမှူးပါ- -တဲ့ ။ သူ့အကြောင်းတော့ သိပြီးလောက်ပြီမို့ သူပြောတာတွေသာနားထောင်လိုက် ပါတော့။ သူ့နာမယ်ကို လည်း မိုးဟိန်း-တဲ့။ ဒီမှာ သူ့ကိုယ်ရေးရာဇ၀င်မှာ ကျန်နေတာလေး ဖြည့်ပါရစေ။ တကယ်တော့ မိုးဟိန်းရဲ့နာမယ်ရင်းက နိုင်ဝင်းပါ။ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းမှာ ပထမနှစ်တက်ခဲ့တယ်။ လေး/ အောင်တက်နိုင်ကြတဲ့ ဒီဗိုလ်သင်တန်းကို သူ့ကျမှ မတက်နိုင်ဘူးဆိုတာကတော့ ..စဉ်းစားသာ ကြည့်ကြ ပေတော့ဗျာ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ယောက်ျားကောင်း နောက် အရေးကြီးတာတစ်ခုက မြန်မာပြည်နဲ့ ၁၅ နှစ်လောက် ကင်းကွာနေတဲ့သူက မြန်မာပြည်ကို ဟိုတုန်းက ချစ်မပြပဲနဲ့ခုမှ (ကန်တော့ပါရဲ့) ချေးခြောက်ရေနှူးဇာတ်ခင်းပြ အင်း….ယုံကောင်ငုံပြီး ယုံရုပ်ရေးပြရင်တောင် ယုံရခက်-ဆိုတာမျိုးပဲ။ နောက်ဆုံးပြောချင်တာကတော့ ဂျာနယ်လစ်မဟုတ်ရင် ဘာလို့လာပြီးရှုပ်ရတာလဲ။ ကျွန်တော်တို့ မီဒီယာလောကမှာ အာရုံနောက်တယ်ဗျာ။ မဟုတ်မှလွဲရော နိုင်ငံရေးခြေရှုပ်ဖို့ မီဒီယာခရုခွံထဲလာဝင်တာ ဖြစ်မယ်ထင်ရဲ့။ခရုမဟုတ် ၊ ကဏန်းမဟုတ် ၊ သူများအခွံထဲဝင်နေတတ်တဲ့ ၀င်ကစွပ်-တော့လာမလုပ်ပါနဲ့ တွေးမယ် ရေးမယ် |
