Sunday, December 29, 2013

ဓါတ်ပုံ ရောင်းစားသော သူရိယနေဝန်း

0 comments

--
--
--
--
--
--
--

ဂျာနယ်တစောင်ရဲ့ အနှစ်သာရဟာ သူ့ထဲမှာ ပါတဲ့ စာပေရဲ့ တန်ဖိုးရှိမှု ပြည်သူလူထုအပေါ် ရသ သုတ ပေးစွမ်းနိုင်မှု တွေဖြစ်ပါတယ်။ ခုတော့ သူရိယနေဝန်း လုပ်ပုံက Internet ထဲက အလကား ရတဲ့ပုံတွေကို အကြီးချဲ့ပြီး စာမျက်နှာပြည့် ပုံနှိပ် သူများထက် ဈေးတင်ရောင်း မသိနားမလည်သူတွေက ဈေးကြီးပေး ဝယ်ဖတ်ကြ ဒါကမှ တကယ့် ပြည်သူတွေရဲ့ ချွေးနည်းစာကို နှိုက်စားတာ အစစ်ပေါ့ဗျာ ကြည့်တတ်ရင် မြင်ပါတယ်။
 
Continue reading →

မိုးဟိန်း ရှုတ်ခဲ့သမျှ ပုတ်ပွလို့ ပေါ်

0 comments

လူတစ်ယောက်က 
 ---
 
---
အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု ကောင်းတယ်ဆိုရင် သူ့လက်အောက်က ဝန်ထမ်းတွေက သူ့ဘက်က အမြဲရပ်တည်ကြပါတယ်။ အုပ်ချုပ်သူကောင်းတစ်ဦးရဲ့ လက်အောက်မှာ လက်အောက်ငယ်သားကောင်းတွေ ရှိစမြဲပါ။ ခုတော့ ကိုမိုးဟိန်းအုပ်ချုပ်ခဲ့တဲ့ သူရိယအလင်းက အယ်ဒီတာအဖွဲ့နဲ့ ဝန်ထမ်းတွေက ကိုမိုးဟိန်း သူတို့အပေါ် လူလည်ကြသွားတယ် ဆိုပြီး စာအုပ်ထုတ် ဖြန့်တယ်တဲ့၊ ကျွန်တော်လဲ စာပေလောက(၅) ရောက်လို့ တစ်အုပ် ဝယ်ကြည့်မိပါတယ် ခုမှဘဲ ကိုမိုးဟိန်းအကြောင်း ကောင်းကောင်းသိရတော့တယ်။ ကိုမိုးဟိန်းရေ ဖင်မနိုင်ရင်လဲ ပဲဟင်းမစားနဲ့ဗျား၊ ဘေးလူတွေ အနံအသက်ဆိုးတယ်။
ခုလဲ အများပိုင်ဂျာနယ်လုပ်အုံးမယ်တဲ့။ သူရိယအလင်းမှာတုံးက ဝန်ထမ်း(၃၀) မှာ (၂၅) ယောက်က ခင်ဗျားအကြောင်းကောင်းကောင်း သိလို့ လမ်းခွဲနေခဲ့တယ်။ အတွင်းဒရှို (၅) ယောက်ဘဲ ခင်ဗျားနဲ့ပါတာနော် ခုအများပိုင်ဆိုရင် သန်း(၆၀) သောလူတွေက ခင်ဗျားလုပ်ရပ် အားလုံးသိသွားကြမှာ သတိလဲထားအုံးနော် ......
ကိုယ်မိုးဟိန်းနဲ့ သူရိယနေဝန်းအကြောင်း သိလိုသူများ အောက်ဖေါ်ပြပါ စာအုပ်ကို ဝယ်ယူ လေ့လာနိုင်ပါတယ်ဗျား ဒါမှ ရှောင်စရာရှိတာ ရှောင်နိုင်မှာနော်....
ကိုဖိုးကောင်း

(၈.၁၂.၂၀၁၃)
Continue reading →

မိုးဟိန်းလုပ်လို့  အလုပ်လက်မဲ့ ဖြစ်သွားသူများရဲ့ ရင်တွင်းစကားသံများ

0 comments

Photo: သူရိယအလင်းဂျာနယ်တိုက်ကို ပိတ်ပစ်ခဲ့မှုကြောင့် အလုပ်ပြုတ်ခြင်းကို  ခံစားခဲ့ရသည့် ၀န်ထမ်းများ၏ ရင်တွင်းစကားကို တင်ပြလိုက်ရပါသည်။။။
သူရိယအလင်းဂျာနယ်တိုက်ကို ပိတ်ပစ်ခဲ့မှုကြောင့် အလုပ်ပြုတ်ခြင်းကို ခံစားခဲ့ရသည့် ၀န်ထမ်းများ၏ ရင်တွင်းစကားကို တင်ပြလိုက်ရပါသည်။။။
Continue reading →

ငါးမင်းဆွေကတောင် အမေရိကန်သံအမတ်ကြီးကို မိုးဟိန်းကိုဆုံးမပေးဖို့ တောင်းဆို

0 comments

 --
 
--
 
--
သူရိယနေ၀န်းရဲ့ ဦးမိုးဟိန်းသည် မြန်မာနိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်ကို 
ပျက်စီးဆုံးရှုံးစေရန်နှင့် မြန်မာ့ တပ်မတော်ကို ပြိုကွဲစေရန်
 လုပ်ဆောင်နေသောကြောင့် အမေရိကန်နိုင်ငံသားဖြစ်တဲ့ မစ္စတာမိုးဟိန်းအား 
အမေရိကန် သံအမတ်ကြီးမှ ခေါ်ယူတွေ့ဆုံပြီး ဆွေးနွေးပညာပေးပါရန်
ငါးမင်းဆွေမှ တောင်းဆိုထားသည့် စာကို ပြည်သူလူထုဖတ်ရှုနိုင်ရေးအတွက် (၈)မိုင်လမ်းဆုံတွင် ဖြန့်ဝေနေရာ သိရှိနိုင်ကြပါရန် တင်ပြလိုက် ရပါသည်။
ဖတ်ရှုပြီးပါက လွတ်လပ်စွာ မှတ်ချက်ပြုရေးသားနိုင်ပါသည်။
မသိရှိလိုက်ရသူများ သိရှိနိုင်ရန်အတွက်လည်း ရှဲပေးနိုင်ပါကြောင်း 
ထပ်လောင်းအသိပေးလိုက်ပါသည်။
Continue reading →

မသိရင် လူရှိန်အောင်လုပ်တယ် လုပ်တဲ့ ကိစ္စမှားတော့ မှလူသိရှင်ကြားပြန်တောင်းပန်တတ်တဲ့ မိုးဟိန်းအကျင့် 

0 comments
Photo: မိုးဟိန်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ 
သိသိကြီးနဲ့ သူများအမည်ကိုသုံး ဖုံးမရတော့မှ ထတောင်းပန် အရှက်အပြန်ပြန်ကွဲလဲ ဂရုမစိုက် ဒီလိုပုံဒီလိုစရိုက်နဲ့များ ပြည်သူ့ပိုက်ဆံ နှိုက်ယူပြီး အများပိုင် လုပ်ချင်ရသေးတယ်လို့ 
ဒီလိုလူနဲ့ ဒီလိုပုံ ဘယ်လိုလုပ်ယုံရမှာလဲဗျာ ...... 5
မိုးဟိန်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ
သိသိကြီးနဲ့ သူများအမည်ကိုသုံး ဖုံးမရတော့မှ ထတောင်းပန် အရှက်အပြန်ပြန်ကွဲလဲ ဂရုမစိုက် ဒီလိုပုံဒီလိုစရိုက်နဲ့များ ပြည်သူ့ပိုက်ဆံ နှိုက်ယူပြီး အများပိုင် လုပ်ချင်ရသေးတယ်လို့
ဒီလိုလူနဲ့ ဒီလိုပုံ ဘယ်လိုလုပ်ယုံရမှာလဲဗျာ ......
Continue reading →

တစ်ခါလောက်တော့ အမှန်ပြောပေးစမ်းပါ “ထောက်လှမ်းရေး သတင်းပေး ကိုမိုးဟိန်း”ရယ်

0 comments

Photo: တစ်ခါလောက်တော့ အမှန်ပြောပေးစမ်းပါ “ထောက်လှမ်းရေး သတင်းပေး ကိုမိုးဟိန်း”ရယ်
30-11-13

သူရိယနေ၀န်း အပတ်စဉ်ထုတ်ဂျာနယ်၏ သက်ဆိုင်သူများသိစေရန်
ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ဘိုကလေးဈေးလမ်း၊တိုက်(၄၁)၊အခန်း(၁၀၁)နေ ဒေါ်ကေခိုင်ဝင်း{၁၂/ပဇတ(နိုင်)၀၂၇၆၅၇} ကိုင်ဆောင်သူ၏ လွှဲအပ်ညွှန်ကြားချက်အရ ဤကြော်ငြာချက်ကို ကြေညာအပ်သည်မှာ-

 သူရိယနေ၀န်း အပတ်စဉ်ဂျာနယ်၏ ၂၀၁၃ခုနှစ်၊နိုဝင်ဘာ ၂ရက်နှင့် ၉ရက်ထုတ်တို့တွင် သူရိယနေ၀န်းဂျာနယ်အား ထုတ်လုပ်ဖြန့်ချိသည့် တာဝန်ရှိသူတို့၏ ဖော်ပြချက်တွင် ပုံနှိပ်-KK PRESS ဟု ဖော်ပြပါရှိရာ ပုံနှိပ်သူအတွက် မှတ်ပုံတင်သက်သေခံလက်မှတ်ရသူ ဒေါ်ကေခိုင်ဝင်း တည်ထောင်လုပ်ကိုင်လျက်ရှိသည့် KK ပုံနှိပ်တိုက်တွင် အဆိုပါ သူရိယနေ၀န်းဂျာနယ်ကို ပုံနှိပ်ခြင်း အလျဉ်းမရှိ၍ သူရိယနေ၀န်းဂျာနယ်တိုက်သို့ သွားရောက်ရာ ဂျာနယ်တိုက်မှ ပိတ်ထားပြီး မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရပါ။သို့ဖြစ်၍ ဦးလေးဖြစ်သူ ဦးမျိုးလွင်နှင့် သူရိယနေ၀န်းဂျာနယ်ပုံနှိပ်သူ ဦးစိန်မောင်(သူရိယနေ၀န်းဂျာနယ်အား ပုံနှိပ်ပေးသူ ကောင်းခန့်ပုံနှိပ်တိုက်၏ တာဝန်ခံ)အား စုံစမ်းဆက်သွယ်ရာ ၄င်းကိုယ်တိုင် လာရောက်တွေ့ဆုံ၍ ဒေါ်ကေခိုင်ဝင်းမှ KKပုံနှိပ်တိုက်တွင် အမှန်တကယ် ပုံနှိပ်ခြင်းမဟုတ်ဘဲ ထိုသို့ဖော်ပြသည်ကို ရပ်တန်းကရပ်ရန်နှင့် ဂျာနယ်တွင် ဆက်လက်ဖော်ပြခြင်း မပြုရန် တောင်းဆိုရာ ဦးစိန်မောင်မှ ၂၀၁၃ ခုနှစ်၊နိုဝင်ဘာလ ၁၆ရက်ထုတ် သူရိယနေ၀န်းဂျာနယ်တွင် ပုံနှိပ် KK PRESS ဟုရိုက်နှိပ်ပြီးဖြစ်၍ ပြင်ဆင်ရန်မဖြစ်နိုင်၍ ခွင့်လွတ်ပါရန် တောင်းပန်စကားဆိုခဲ့ပါသည်။ထို့ကြောင့် ဦးစိန်မောင်အား သူရိယနေ၀န်းဂျာနယ်တွင် အဆိုပါဂျာနယ်ကို KK PRESS ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခြင်းမဟုတ်ကြောင်းနှင့် ဖြစ်ခဲ့သည့်ဖြစ်ရပ်အတွက် သူရိယနေ၀န်းဂျာနယ်တွင်ပင် ထည့်သွင်းတောင်းပန်စာဖော်ပြပေးရန် တောင်းဆိုခဲ့ရာ ဦးစိန်မောင်မှ လက်ခံခဲ့ပြီးနောက် ၂၀၁၃ခုနှစ် နိုဝင်ဘာ ၂၃ရက်ထုတ် သူရိယနေ၀န်းဂျာနယ် စာမျက်နှာ (၂၆)၊ကော်လံ (၁၊၂၊၃)၏အောက်ခြေတွင် “ဒေါ်ကေခိုင် (ကေကေပုံနှိပ်)တိုက်၊တိုက်(၄၁)၊အခန်း(၁၀၁)၊ဘိုကလေးဈေးလမ်းရှိ ဒေါ်ကေခိုင် (ကေကေပုံနှိပ်)တွင် သူရိယနေ၀န်းဂျာနယ်ကို လုံးဝမရိုက်နှိပ်ဖူးပါကြောင်း ကြေညာအပ်ပါသည်”ဟုဖော်ပြပါရှိလာပါသည်။

	သူရိယနေ၀န်းဂျာနယ်၏ လုပ်ရပ်သည် ကေကေပုံနှိပ်ဟု အပတ်စဉ်ထုတ် ဂျာနယ်(၃)စောင်တွင် အထင်းအရှားဖော်ပြပါရှိလျက် ၂၀၁၃ခုနှစ်၊နိုဝင်ဘာ ၂၃ရက်ထုတ် သူရိယနေ၀န်းဂျာနယ်တွင် ကေကေပုံနှိပ်လုပ်ငန်းနှင့်ပက်သက်၍ ဖော်ပြပါရှိချက်သည် တောင်းပန်ရမည့်အစား အမှန်ကိုငြင်းကွယ်လျက် ဂျာနယ်(၃)စောင်ပါ ဖော်ပြချက် အပေါ် မမှန်မကန်ထည့်သွင်းကြေညာရာ ရောက်ပါသည်။

	ကေကေပုံနှိပ်တိုက်တွင် သူရိယနေ၀န်းဂျာနယ်ကို ပုံနှိပ်ခြင်းမဟုတ်ဘဲ ပုံနှိပ်ကြောင်း KK PRESS ဟုဖော်ပြပါရှိခြင်းအပေါ် ရှင်းလင်းရန်နှင့် တောင်းပန်ရန် KK PRESS မှ အသိပေးအကြောင်းကြားခြင်းသာ ဖြစ်ပါသည်။
KK PRESS ၏တောင်းဆိုမှုကို သူရိယနေ၀န်းဂျာနယ် အနေဖြင့် ဤကြေညာပါသည့်နေ့မှ (၇)ရက်အတွင်း သူရိယနေ၀န်းဂျာနယ် (၃)စောင်ပါ “ပုံနှိပ်-KK PRESS”ဟုဖော်ပြပါရှိခြင်း၊KKK PRESS ၏အမည်ကို သုံးစွဲမိခြင်းနှင့် ပက်သက်၍ နေ့စဉ်ထုတ် မြန်မာ့အလင်း၊ကြေးမုံ၊သူရိယနေ၀န်းဂျာနယ်တို့တွင် ရှင်းလင်းတောင်းပန်သည့်စာ ထည့်သွင်းပေးရန် သူရိယနေ၀န်းဂျာနယ်၏ တာဝန်ရှိသူတို့အား အသိပေးအကြောင်းကြားအပ်ပါသည်။
	
သူရိယနေ၀န်းဂျာနယ်တာဝန်ရှိသူတို့အနေဖြင့် “ကေကေပုံနှိပ်လုပ်ငန်း”၏ တောင်းဆိုချက်ကို လိုက်နာရန်ပျက်ကွက်မည်ဆိုပါက “ကေကေပုံနှိပ်လုပ်ငန်း”လုပ်ကိုင်သူ ဒေါ်ကေခိုင်ဝင်းအနေဖြင့် အဆိုပါလုပ်ရပ်ကြောင့် ထိခိုက်နစ်နာမှုအရပ်ရပ်တို့အတွက် သူရိယနေ၀န်းဂျာနယ်၏ တာဝန်ရှိသူတို့အပေါ် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
လွှဲအပ်ညွန်းကြားချက်အရ-

ဦးခင်ဇော်
B.Sc,H.G.P,R.L,D.B.L,D.M.L
တရားလွှတ်တော်ရှေ့နေ(စဉ်-၂၈၃၀)
အမှတ်-၈၃၊(ပ-ထပ်)၊ပန်းဆိုးတန်းလမ်း၊ရန်ကုန်မြို့၊ဖုန်း-၃၇၄၇၉၆

From: ခိုင်မာသော သတင်းရပ်ဝန်းဆီက

နေ့စဉ် ဖေ့ဘုတ်သတင်းများ

မိုးဟိန်းဆိုတာ ဘယ်သူလဲ?၊ ဘာတွေလုပ်ခဲ့သလဲ? (ဒုတိယပိုင်း)

0 comments
Photo: မိုးဟိန်းဆိုတာ ဘယ်သူလဲ?၊ ဘာတွေလုပ်ခဲ့သလဲ?
(ဒုတိယပိုင်)

မိုးဟိန်းအကြောင်းပြောရင်းနဲ့ အဓိက ပါဝင်လာတာက ဆရာကျောင်း (ဦးအောင်ကိုဝင်း) ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိုးဟိန်းနဲ့ ဦးအောင်ကိုဝင်းတို့ဟာ ရင်းနီးသူတွေ ဖြစ်ကြပါတယ်။ မိုးဟိန်းကိုယ်တိုင်က ဦးအောင်ကိုဝင်းကို ဦးလေး ဟုသာ ခေါ်ပါတယ်။ သူရိယအလင်း ဂျာနယ်တုံးကလဲ ဂျာနယ်ထွက်တာနဲ့ KBZ ကို အမြဲ အစောင် ၅၀ ပို့ပေးရပါတယ်။ ဒါဆို သူရိယအလင်းကနေ ဦးတေဇ အပါအဝင် ခရိုနီတွေကို ဘာဖြစ်လို့ တိုက်ခိုက်ရတာလဲ၊ ဦးအောင်ကိုဝင်းကိုယ်တိုင် ခရိုနီ မဟုတ်လို့လား?၊ ဒါကတော့ ရိုးရှင်းလှပါတယ် ခရိုနီ အချင်းချင်း အားပြိုင်တာပေါ့ဗျာ၊ လေးစားသမှုနဲ့ အားပြိုင်တယ်လို့ သုံးတာပါ၊ ခပ်ရိုင်းရိုင်းပြောရရင် စားခွက်လုတာပေါ့ဗျာ။ 
ဦးအောင်ကိုဝင်းက မြန်မာ့လေကြောင်းနဲ့ ပေါင်းပြီး Air KBZ ကို ထူထောင်တယ်၊ ဒါပေမဲ့ Air Bagan ကို သူ့လေကြောင်းလိုင်းက မယှဉ် နိုင်ခဲ့ဘူး။ ဟိုက သူ့ထက် ဖွင့်တာ ပိုစောတာကို၊ ဒီကြားထဲ Asian Wings လေကြောင်းလိုင်းက ဂျပန်က ANA လေကြောင်းလိုင်းနဲ့ ပေါင်းလိုက်တော့ သူ အတော်ခံပြင်းသွားတယ်၊ ဒါကြောင့် ပြိုင်ဘက်လူ ပျက်စီးရာပျက်စီးကြောင်း မိုးဟိန်းလိုလူကို လူမိုက်မွေးတော့တာဘဲ မိုးဟိန်းကလဲ ဦးအောင်ကိုဝင်းအကြိုက်လိုက်ပြီး သူ့ဂျာနယ်ထဲမှာ အများတကာ သိရှိပြီး အကြောင်းအရာတွေကို ပုံကြီးချဲ့ သူဘဲ ရေးရဲသယောင်၊ သူဘဲ ပြောရဲသယောင် နဲ့ လူမိုက်ပုံစံ ဖမ်းပြီး KBZ ကလွဲလို့ ကျန်းတာတွေကို အားလုံးစိန်ခေါ်တော့တယ်။ ဒီနေရာမှာ မိုးဟိန်းက နဲနဲတော့ လယ်တယ်ဗျ၊ စစ်တပ်က လက်ရှိ လူကြီးတွေ ၊ သမတကြီးအပါအဝင် လူကြီးတွေကိုတော့ ချန်ထားပါတယ်။ သူနဲ့ သူ့ဦးလေးကို ပြန်ထိမှာကြောက်တာကို။
ဦးအောင်ကိုဝင်းဟာဆိုရင် သူ့ရဲ့ လုပ်ရပ်က အတော်သိသာပြီး အတော် အောက်တန်းကျတဲ့ လုပ်ရပ်နဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တာဖြစ်တယ်။ ဒီလိုတိုက်ခိုက်ဖို့ မိုးဟိန်းလို လူမိုက်ကို ရှာရတာဘဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးဟိန်းဟာ အမေရိကန် နိုင်ငံသားခံယူထားသူ နောက် (၄) လလောက်ဆို ပြည်ဝင်ခွင့် သက်တန်း ကုန်တော့မဲ့သူ ပြဿနာဖြစ်တာနဲ့ နိုင်ငံခြား ရှောင်သွားနိုင်သူ။ ဒါမျိုးကို ရှာရွေးထားတာ။
ဒီတော့ မိုးဟိန်းက ဘယ်လိုလူလဲ ဆိုတာ ပြောကြရအောင်
မိုးဟိန်းရဲ့ အမည်ရင်းက နိုင်ဝင်း တဲ့ စစ်တက္ကသိုလ် အပတ်စဉ် (၂၇) ကို တက်ခွင့် ရခဲ့တယ်။ ဒါပေမဲ့ ပထမ နှစ်မှာဘဲ သူ့ရဲ့ နောက်ကြောင်းကို လိုက်တော့ (ဗကပ) နဲ့ ဆက်သွယ်မှု ရှိတယ်ဆိုတာ သိရလို့ နောက်ကြောင်း မရှင်းတဲ့ အပြစ်နဲ့ စစ်တက္ကသိုလ်ကနေ RTH (Return to Home) လုပ်ခံရတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က စစ်တက္ကသိုလ်တက်၊ ရာထူးကြီးကြီးရအောင်လုပ် ပြီးမှ စစ်တပ်ကြီးကို ဗကပ အောက် ရောက်အောင်လုပ်ဖို့ ရည်ရွယ်တာ။ တော်တော် အကြံ ပက်စက်တဲ့အကောင်။ မယုံရင် ခင်ဗျားတို့ လေ့လာကြည့်နိုင်ပါတယ်။ 
၈၈ အရေးအခင်းကြတော့ ကျောင်းသားယောင်ယောင် ပါတီရောင်ရောင်လုပ်လို့ ထောင်ထဲတော့ ရောက်ခဲ့သေးတယ်ဆိုတာတော့ အမှန်ပါ။ ထောင်က ထွက်တော့ တောခိုခဲ့တယ်။ တောထဲမှာ နေရင်းကနေ ယခင် ထောက်လှမ်းရေး(၇) နဲ့ အဆက်အသွယ်ရပြီး ပြန်လာတယ်။ နောက်နော့ ထောက်လှမ်းရေး (၇) ကဖွင့်ထားတဲ့ Power ကားရေဆေး ဆိုင်မှာ မန်နေဂျာ အလုပ် ဝင်လုပ်ခဲ့တယ်။ တနည်းပြောရရင် ထလတ (၇) က သတင်းပေး မွေးလိုက်တာပေါ့ ။ ဒီကောင်က ထောက်လှမ်းရေးလဲ သတင်းပေးတယ်။ တဖက်က ကျောင်းသားအဖွဲ့အစည်းနဲ့လည်း ဆက်သွယ်ခဲ့တယ်။ နှစ်ဖက်ချွန်ပေါ့ဗျာ။ ရေဆေးဆိုင်မှာ အလုပ် လုပ်ရင်း အဲဒီဆိုင်က စာရေးမလုပ်နေတဲ့ ရှမ်းမလေးကို ခိုးပြေးတော့တာဘဲ။ ခိုးပြေးတာမှာ ထိုင်း နိုင်ငံရောက်အောင် ပြေးတော့တာ ထိုင်း ကနေမှတဆင့် မိုးသီးဇွန် ရဲ့ အဆက်အသွယ်နဲ့ အမေရိကန် ရောက်ပြီး အမေရိကန် နိုင်ငံသား ခံယူထားတာ ဒါဆို ဒီကောင်ဟာ နိုင်ငံအပေါ်မှာ ဘယ်လောက်သစ္စာရှိနိုင်သလဲ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲ ဆိုတာ စဉ်းစားလို့ ရရောပေါ့ဗျာ။ အဲဒီသူနဲ့ရတဲ့ရှမ်းမလေးအဆက်အသွယ်နဲ့ သူလဲ ဦးအောင်ကိုဝင်းနဲ့ ရင်းနီးတာ သူမိန်းမက သူနဲ့ရတော့ ၁၆ နှစ်ဘဲ ရှိသေးတာ၊ သူ့မိန်းမက ဦးအောင်ကိုဝင်းကို ဦးလေးခေါ်တော့ သူလဲ လိုက်ပြီး ဦးလေးခေါ်နေတာ တကယ်ဆို ဦးအောင်ကိုဝင်းနဲ့ မိုးဟိန်းက အသက်သိပ်ကွာတာမဟုတ်ဘူး။
ကျွန်တော်ပြောချင်တာက ဆရာကျောင်းကိုလဲ အပြစ်မဆိုပါဘူး၊ ဦးတေဇကိုလဲ ဖါးပြောတာမဟုတ်ပါဘူး ခရိုနီဆိုတာ အာဏာရှင် အုပ်ချုပ်နေသမျှ ရှိနေမှာဘဲ ခုလို အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အချိန်မှာ တချိန်က ခရိုနီတွေကို တိုက်ခိုက်နေမဲ့အစား ခရိုနီတွေရဲ့ အင်အားကိုယူ၊ ခရိနီတွေနဲ့ ညှိတန် ညှိပြီး နိုင်ငံ တိုးတက်အောင်၊ ပြည်ပက ဝင်လာမဲ့ အမြတ်ထုပ်မဲ့ ကုမ္ပဏီတွေကို ယှဉ်နိုင်အောင် ဘယ်လိုစုစုစည်းစည်း လုပ်ကြမလဲ ဆိုတာ စဉ်စားသင့်တဲ့အချိန်မှာ မိုးဟိန်းလို နှစ်ဖက်ချွန် ၊ ခလောက်အဆံလို အကောင်ရဲ့ တိုက်ခိုက်ပေးမှုနဲ့ သွေးကွဲနေကြမှာလဲ၊ မိုးဟိန်းလို အကောင်ရဲ့ ပြောစကားတွေကို "ခွေးလှေးခုန်လို့ ဖုန်မထပါဘူး" လို့ဘဲ သဘောထားလိုက်ကြပါလား၊ ဒါဆိုနိုင်ငံတော်အတွက် ဘယ်လောက် အင်အားတွေ ရရှိကြမလဲ ဒီလိုမျိုး မဖြစ်သင့်ဘူးလားဗျာ? .........

မိုးဟိန်းဆိုတာ ဘယ်သူလဲ၊ ဘာတွေလုပ်ခဲ့သလဲ

0 comments
Photo: မိုးဟိန်းဆိုတာ ဘယ်သူလဲ၊ ဘာတွေလုပ်ခဲ့သလဲ

ခုတလော ဂျာနယ်လောကမှာ နဲနဲ လှုပ်သွားသူတစ်ဦးရှိပါတယ် သူကတော့ မိုးဟိန်း ခေါ် နိုင်ဝင်းပါ မိုဟိန်းရဲ့ လုပ်ဆောင်မှုကြောင့် ဂျာနယ်လောက ပြည်သူလူထုအတွင်း အနည်းငယ်တော့ ဂရက် ရိုက်ခဲ့ပါတယ်၊ အနည်းငယ်ပါ တကယ့်ကို အနည်းငယ်ထည်းပါ။ ဘာလို့လဲဆိုတော့ သူ့ကို လက်ခံသူ နည်းလို့ဘဲဖြစ်ပါတယ်။ အချို့ကလဲ ပြောကြမှာပေါ့ သူပြောတာ သူရေးတာ မမှန်လို့လား မကောင်းလို့ဆိုပြီး တွေးစရာတော့ ရှိပါတယ်
ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ ပညာရှိမဆန်ဘူး၊ လူမိုက်ဆန်နေတယ်။ မလိုတမျိုး လိုတမျိုး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကလောင်အမည် စစ်သူရဲ ဗလမင်းထင်၊ ထောင်သူရဲ ဘအုပ် စတဲ့ ကလောင်နဲ့ ရေးတဲ့ စောင်းပါးတွေမှာ စစ်တပ်က ဦးသန်းရွှေတို့ ဦးမောင်အေးတို့ကို ဘာမှ မစား မသောက် ရိုးအသူကြီးတွေဆိုပြီး ဖေါ်ပြထားတယ်။ ဒီလူကြီးတွေနဲ့ပတ်သက်လို့ ပြောပြစရာမလိုအောင်ကို ပြည်သူတွေက သိပြီးသားပါ။သူမို့ ဒီလိုစကား ပြောထွက်တယ်လို့ဘဲ ဆိုချက်ပါတယ်။
သူက ခရိုနီတွေကို အဓိကထားတိုက်တယ်၊ နိုင်ငံတခုမှာ ခရိုနီဆိုတာ အာဏာရှင်မရှိဘဲနဲ့ ဘယ်လိုမှ ဖြစ်လာစရာ မရှိဘူးအဓိကတရားခံက အာဏာရှင်ဘဲ။ အဓိကတရားခံကို မတိုက်ဘဲ ကြားခံကို တိုက်နေတယ်၊ သစ်ခုတ်တဲ့ ခရိုနီဆိုပြီး အဓိကထားတိုက်တာတွေ့ရပါတယ်။ ဒီနေရာမှာ သစ်ခုတ်တာနဲ့ပတ်သက်လို့  ဦးတေဇ က အခွင့်အရေးရလို့ လုပ်ကိုင်ခွင့်ရလို့ လုပ်တာဘဲ အကယ်၍သာ ဦးတေဇ အခွင့်အရေးမရဘဲ အခြားတစ်ဦး အခွင့်အရေး ရခဲ့ရင်လဲ ဒီလိုဘဲ ခုတ်မှာဘဲ ဒီနေရာမှာ ကျွန်တော်တခုမေးချင်တာက သစ်ခုတ်တဲ့ အခွင့်ရေးကို ဦးတေဇမရဘဲ ကိုမိုးဟိန်းနဲ့ သူ့ကို ထောက်ခံနေသူတွေ သူ့ကို ထောက်ပံ့ပေးနေသူတွေ သူတို့တတွေ အခွင့်အရေး ရရင်ရော မခုတ်ဘဲ နေမှာလား ငါတော့ သစ်ခုတ်ခွင့် ရတယ်ကွာ တိုင်ပြည်ရဲ့ ရတနာတွေ မခုတ်ချင်ဘူး နိုင်ငံတော်ကို ပြန်အပ်ပါမယ် ဆိုသူ ဘယ်သူရှိမလဲ ကျွန်တော့်အထင်တော့ တစ်ဦးမှ ရှိမယ်မထင်ပါဘူး။ ကိုယ်အခွင့်အရေးမရလို့ အခွင့်အရေးရသူကို မကြေမနပ်ပြောတယ်လို့ဘဲ ထင်ပါတယ်။ 
မိုးဟိန်းတကယ်သတ္တိ ရှိပါသလား။ အကယ်၍သာ သတ္တ တကယ်ရှိရင် သူ့စောင်းပါးတွေမှာ ဘာဖြစ်လို့ အဓိကတရားခံ အာဏာရှင်တွေကို မတိုက်ခိုက်သလဲ ဦးအောင်ကိုဝင်းကိုရော ဘာဖြစ်လို့ ချန်ထားပါသလဲ၊ ဘာဖြစ်လို့ သူ့ဂျာနယ်ထဲမှာ KBZ နဲ့ပတ်သက်ပြီး ကောင်းသတင်းကလွဲပြီး မကောင်းသတင်း မရေးတာလဲ၊ 
ကျွန်တော်ကတော့ သူ့လိုမျိုး ကြီးပွါးသူတွေကိုမနာလိုလို့ ပြောတာမဟုတ်ပါဘူး၊
ဖြစ်သင့်တာကို ပြောပြတာပါ၊ ရေးမဲ့ရေးရင်လဲ အပြည့်အစုံ လူစုံတက်စုံ ရေးပေါ့ ကွက်မချန်သင့်ပါဘူး၊ ဒါဆိုတခုပြောမယ် ဦးတေဇက သစ်ခုတ်ပြီး ချမ်းသာလာတာမှန်တယ်ဆိုရင် ဦးအောင်ကိုဝင်း ကျောင်းဆရာဘဝကနေ ဘယ်လိုအကြောင်းတွေကြောင့် ဒီလို နှစ် ၂၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဘဏ် KBZ ကို ထူထောင်နိုင်ပါသလဲ၊ ဒါတွေကို မိုးဟိန်း ဘာ့ကြောင့် မရေးတာလဲ၊ မပြောတာလဲ.........

ဆက်လက်ဖေါ်ပြပါမည်။

မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၄)/ဇာတ်သိမ်းပိုင်း

0 comments

Photo: မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၄)/ဇာတ်သိမ်းပိုင်း

KBZ ဘဏ်ရဲ့ ဥက္ကဌ ကတော့ ဦးအောင်ကိုဝင်း ဖြစ်တာတော့ လူတိုင်းသိကြပါတယ်။ဒါပေမယ့် Father Land တို့ Mother Land တို့ကိုထောက်ပံ့ပေးနေတဲ့ KBZ ဘဏ်ရဲ့ဒုတိယ ဥက္ကဌကို သိကြပါသလား?
KBZ ဘဏ်ဟာ မွတ်စလင် ကို အပြည့်ဝထောက်ပံ့ပေးနေလို့လဲ ကြားသိရပါတယ်။ သူကဘာလူမျိုးလဲဗျ? အခုဖြစ်နေတဲ့မိုးဟိန်းပြဿနာနဲ့ ဒီလူမျိုးရေးပြဿာနာ ဆက်စပ်မှုရှိနေသလားဆို စဉ်းစားစရာဖြစ်နေပါတယ်။ မိုးဟိန်းကတော့ ငွေရရင်ပြီးရောလေ ထောင်ထွက်လည်းဖြစ် မိုက်မိုက်ကန်ကန်နဲ့ မြှောက်ပေးရင်း လုပ်မှာပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဆိုတာ ကြည့်မှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာ အမေရိကန်နိုင်ငံသား ခံယူထားတာဖြစ်တယ်လေ။

သူတို့အဖွဲ့ကွဲသွားတယ်ဆိုတာလည်း မိုးဟိန်း တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူအကျိုးစီးပွားအတွက်လုပ်ခဲ့လို့ပဲဗျာ။
ဒါကြောင့် သူ့ရဲ့အလုပ်သမားတွေ ဘယ်လိုနစ်နာမှုတွေနဲ့ ရင်းဆိုင်နေရလည်းဆိုတာ မကြာခင် သိရပါတော့မယ်။

အနှစ်ချုပ်ရရင်တော့ မိုးဟိန်းဟာ အမေရိကန်နိုင်ငံသား၊သူရဲ့ နောက်ကွယ်က လူက မိုးသီးဇွန်၊ နောက်ပြီး သူရိယနေ၀န်း ရပ်တည်ဖို့ ထောက်ပံ့ပေးနေတာက KBZ၊ KBZ ရဲ့ ဘဏ် ဥက္ကဌက ခရိုနီ ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း၊ KBZ ရဲ့ ဒု-ဥက္ကဌကတော့ မွတ်စလင်ကို ထောက်ပံ့ပြီး အားပေးအားမြှောက် လုပ်ပေးနေသူတစ်ယောက်ပေါ့။ မိုးဟိန်းဟာ ဘယ်သူရဲ့ လက်ကိုင်တုတ်ဖြစ်တယ် (သို့) သာသနာဖျက် တစ်ယောက် ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် စာဖတ်ပရိသတ်ကြီး သိလောက်ပါပြီး။

https://www.facebook.com/pages/%E1%80%B1%E1%80%90%E1%80%BC%E1%80%B8%E1%80%99%E1%80%9A%E1%80%B9-%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%80%9A%E1%80%B9/488742237863922?ref=hl

https://www.facebook.com/pages/တွေးမယ်-ရေးမယ်/488742237863922?ref=hl
Continue reading →

မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၃)

0 comments

Photo: မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၃)

-	ဦးအောင်သောင်းရဲ့ အတွင်းသတင်းတွေ စီစဉ်ပေးမှုကြောင့်လည်း သူရိအလင်းဟာ ဝန်ကြီးတွေ ခရိနီတွေ၊ အထူးသဖြင့် ဦးအောင်သောင်းနဲ့ ဦးအောင်ကိုဝင်းတို့ရဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့ သတင်း မီဒီယာ အဖြစ်ရပ်တည်နိုင်ခြင်းဖြစ်တယ် ။နောက်တော့ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေများလာတော့ သူတို့အဖွဲ့ထဲက အယ်ဒီတာအဖွဲ့က လူတွေဟာ CEO မိုးဟိန်းနဲ့ မတည့်ဖြစ်ပြီး ကွဲကုန်တော့တာပဲဗျို့။ ဦးယုနိုင်က အရှုပ်ရှင်းတွေများလာတော့ သူရိယအလင်းထုတ်ဝေခွင့်ကိုရပ်ဆိုင်းလိုက်ပါတယ်။ ရပ်ဆို ဒိတ်ဒိတ်ကျဲ ကိုဖိုးလပြည့်ကို သွားထိတာကိုဗျ။ နောက်ဆို ဒီထက်ဆိုးလာမယ်ဆိုတာ သိတော့ ဦးယုနိုင်က ထုတ်ဝေခွင့် ကို ရပ်ဆိုင်းလိုက်ပါတော့တယ်။

-	ဒါပေမယ့် ကောက်ကျစ်စဉ်လဲတဲ့ မြေးခွေးအကြံ နဲ့ သူရိယနေ၀န်းကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေတယ်။ သူရိယနေ၀န်း ဆက်လက်ရပ်တည်ဖို့ ကျတော့ မြန်မာပြည်က ကျောင်းဆရာ သူဌေးကြီး ဦးအောင်ကိုဝင်းက ထောက်ပံ့ထားပြန်တယ်ဗျာ။ မိုးဟိန်းတို့ကတော့ ကံကောင်းချက်ကတော့ ခွေးရူးကောင်းတုန် တစ်မွန်တည့် ဆိုတာ သူအတွက်ဖြစ်သွားတယ်။ ဖအေ အားကိုးဖြင့် မိုက်ချင်တိုင်း မိုက်နေတာ မိုးဟိန်းကို မီဒီယာ လောကသားတွေက ဒီအတိုင်းပဲလွတ်ထားကြတော့မှာလား?

မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၂)

0 comments

Photo: မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၂)

-	နောက်တော့ နိုင်ငံရေးလုပ်ရင်း ထိုင်းဘက်ကိုပြေးတယ် ။ ထိုင်းမှာ မိုးသီးဇွန်နဲ့ အတူတူနေခဲ့တယ်။ မိုးသီးဇွန် အမေရိကန်ရောက်တော့ သူ့ကို လှမ်းခေါ်တယ်။ဟိုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီးနေခဲ့တယ် -အမေရိကန် နိုင်ငံသား လည်းခံယူထားတယ်။ပထမ မယားကြီးကလည်း US မှာတရားဆွဲဆိုမှုတွေဖြစ်ခဲ့ သေးတယ်ဗျာ။နောက်တော့ ပြည်ပြေးအနေဖြင့် နိုင်ငံခြားမှာ Taxi မောင်းစားခဲ့ရရှာတယ်။

-	ဟော..နောက်တော့ ဦးသိန်းစိန် အစိုးရခေတ်မှာ ပြည်ဝင်ခွင့် ပေးလိုက်တော့ ပြန်ပါလာတယ် ။ ပြန်ရောက်လာတော့ သူ့သူငယ်ချင်း ဦးယုနိုင် ကတစ်ဆင့် ၀န်ကြီး ဦးအောင်သောင်းဖြင့် ချိတ်မိပြီး မီဒီယာ လောကထဲကို ဂြိုလ်မွှေဖို့ရောက်တော့တာပဲဗျာ။ ဦးအောင်သောင်းမှ မီဒီယာ တစ်ခုပြုလုပ်ရန် တာဝန်ပေး ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်အားငွေကြေးထောက်ပံ့ပေးရန် တွဲဘက်ပေးခဲ့တယ်။ ဦးဝင်မြင့်ကလည်း သူ့သား သူရိန်ဝင်မြင့်ကို တစ်ဆင့်တာဝန်ပေးခဲ့ပြန်တယ်။ ပထမတော့သူတို့ဟာ ခေတ်မိုး နေ့စဉ်သတင်းစာ ထုတ်ဖို့ ဦးအောင်ကိုဝင်းကသိန်း ၃၅၀၀ထုတ်ပေးထားပြီး ရှယ်ယာ၅၀%ရတယ်။ ဦးအောင်သောင်းက ၂၅% ဦးဝင်းမြင့်က ၂၅%သတ်မှတ်ခဲ့ကြတယ်။မိုးဟိန်းဟာ ဦးအောင်ကိုဝင်းနဲ့ ရင်းနှီးမှုရလာပြီး သူရိယအလင်း ဂျာနယ် ထုတ်ဝေဖို့လုပ်လာတယ်။

-	နောက်တော့ အရင်ထုတ်ဝေမယ့် ခေတ်မိုးနေ့စဉ်သတင်းစာကို ရပ်ဆိုင်းပြီးတော့ ဦးအောင်သောင်းရဲ့ စီစဉ်ညွှန်ကြာချက်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ သူဌေးကြီးများ၏ အတွင်းသတင်းရရှိရေး ဆောင်ရွက်ခဲ့ပြီး  သူရိယအလင်းဂျာနယ်ကနေ တိုက်ခိုက်ဖို့ ဆောင်ရွက်လာတယ်။

မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၁)

0 comments
Photo: မိုးဟိန်းအရှုပ်တော်ပုံ အပိုင်း(၁)
	
အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက “ဂန္တ၀င်ရွှေပုဂံ” (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်တေးဂီတ စတင်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင် ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။ မိုးဟိန်းဟာ ထောင်ထွက်ဗျ၊ မိန်းမရှိနေလျှက်နဲ့ထောင်ထဲမှာတွေ့ခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေးတဦးကို လူပျိုဆိုပြီးလက်ထက်ခွင့် လိမ်ညာတောင်းခံခဲ့တယ်၊ ထောင်ကလွတ်လာတော့  အိမ်ထောင်ပြုခဲ့တယ်။ နောက် သားသမီး ၃ ယောက်မွေးခဲ့တယ်။ သူက ထောက်လှမ်းရေး(၇)မှာလဲ သတင်းပေး လုပ်ခဲ့ ဖူးသေးတယ်ဗျ ။ ထောက်လှမ်းရေး(၇)ကဖွင့်ထားတဲ့ Power ရေဆေးဆီထိုးလုပ်ငန်း မှာ မန်နေဂျာလုပ်ခဲ့သေးတယ်။ နောက် ၁၆ နှစ်သမီးကို အလိုမတူဘဲ ယိုးဒယားကို ခိုးပြေးပြန်တယ်။ ရှုပ်တာကတော့ တိတ်တိတ်ပုန်းတစ်မျိုး ပေါ်တင်တစ်မျိုး၊ အမျိုးမျိုးပါပဲ။

— with မိုဟာမက် သုတ်ကြောင်.
Continue reading →

မိုးဟိန်းပြောသွားတဲ့ မိုးဟိန်းအကြောင်းနဲ့ပတ်သက်လို့..

0 comments

၁၉.၁၀.၂၀၁၃ ရက်နေ့ကပေါ့။ မီဒီယာလောက၊ ဂျာနယ်လစ်လောကမှာ မိုးဟိန်းဖြတ်သန်းလာခဲ့တဲ့ အခြေအနေကို ဂျာနယ်လစ်တစ်ယောက်က မေးတယ်။ မိုးဟိန်းဖြေသွားတာကတော့-
သူဟာ ဂျာနယ်လစ်တစ်ယောက် မဟုတ်ပါဘူး… မီဒီယာသမားမဟုတ်ပါဘူး…တဲ့။ နိုင်ငံရေးခေါင်း ဆောင်ဟောင်း တစ်ယောက်ပါ..တဲ့။ ဥက္ကဋ္ဌ မင်းကိုနိုင်၊ ဒုဥက္ကဋ္ဌကိုကိုကြီးတို့နဲ့ ဗကသမှာ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဖွဲ့တော့ ဥက္ကဋ္ဌမိုးသီးဇွန်နဲ့အတူ သူက အထွေ ထွေအတွင်းရေးမှူးပါ- -တဲ့ ။ သူ့အကြောင်းတော့ သိပြီးလောက်ပြီမို့ သူပြောတာတွေသာနားထောင်လိုက်
ပါတော့။ သူ့နာမယ်ကို လည်း မိုးဟိန်း-တဲ့။
ဒီမှာ သူ့ကိုယ်ရေးရာဇ၀င်မှာ ကျန်နေတာလေး ဖြည့်ပါရစေ။ တကယ်တော့ မိုးဟိန်းရဲ့နာမယ်ရင်းက နိုင်ဝင်းပါ။ စစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းမှာ ပထမနှစ်တက်ခဲ့တယ်။ လေး/ငါးလလောက်တက်ပြီးဒဏ် မခံနိုင်လို့ထွက်ပြေးတယ်။ဒါဆို သူဟာတပ်ပြေးပဲ မဟုတ်ဘူးလား ။ ဒီနေရာမှာ နည်းနည်းဖြည့်ပါရစေ ။ ကျွန်တော်လည်း စစ်သားမလုပ်ဖူးပါဘူး။ ဗိုလ်သင်တန်းက ထွက်ပြေးလာတာဟာ တပ်ပြေးမဟုတ်ဘူးလား။ တပ်ပြေးတွေ ကျွန်တော်နေတဲ့ရပ်ကွက်ထဲ မှာ လာလာဖမ်းတာ ကြုံဖူးတယ် ။ ရဲဘော်တွေမှ တပ်ပြေးလား။ နားမလည်လို့ပါ။ ဖမ်းပြီး အရေးယူလို့မရဘူးလား။ ဒါမှမဟုတ် သူပြောတဲ့စစ်ခုံရုံးက (၄)နှစ်ထောင်ချတယ် ဆိုတာက အဲဒီအပြစ်လား..။ ရှင်းအောင်တော့ ပြောမသွားပါဘူး။ သေချာတာကတော့ အများစု အောင်မြင်
အောင်တက်နိုင်ကြတဲ့ ဒီဗိုလ်သင်တန်းကို သူ့ကျမှ မတက်နိုင်ဘူးဆိုတာကတော့ ..စဉ်းစားသာ ကြည့်ကြ
ပေတော့ဗျာ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ယောက်ျားကောင်း ဟုတ်မဟုတ်..။
နောက် အရေးကြီးတာတစ်ခုက မြန်မာပြည်နဲ့ ၁၅ နှစ်လောက် ကင်းကွာနေတဲ့သူက မြန်မာပြည်ကို ဟိုတုန်းက ချစ်မပြပဲနဲ့ခုမှ (ကန်တော့ပါရဲ့) ချေးခြောက်ရေနှူးဇာတ်ခင်းပြီး တအားကို လာချစ်ပြနေတာတော့
အင်း….ယုံကောင်ငုံပြီး ယုံရုပ်ရေးပြရင်တောင် ယုံရခက်-ဆိုတာမျိုးပဲ။
နောက်ဆုံးပြောချင်တာကတော့ ဂျာနယ်လစ်မဟုတ်ရင် ဘာလို့လာပြီးရှုပ်ရတာလဲ။ ကျွန်တော်တို့ မီဒီယာလောကမှာ အာရုံနောက်တယ်ဗျာ။ မဟုတ်မှလွဲရော နိုင်ငံရေးခြေရှုပ်ဖို့ မီဒီယာခရုခွံထဲလာဝင်တာ ဖြစ်မယ်ထင်ရဲ့။ခရုမဟုတ် ၊ ကဏန်းမဟုတ် ၊ သူများအခွံထဲဝင်နေတတ်တဲ့ ၀င်ကစွပ်-တော့လာမလုပ်ပါနဲ့လို့ ပြောပါရစေ ခါတော်မီမိုးဟိန်းရေ…. ။

တွေးမယ် ရေးမယ်
Like · · Share · October 21

  • 17 people like this.
  • Tike Soe Aung ခေတ်သစ် ချီးထုပ် တွေပါလား
  • Nyein Chan အစောတည်းကပြောသားပဲ ဒီလူကသာရာပြေးကပ်တဲ့ ဆိတ်လစိပါဆို
  • Lucast Scott မိုးဟိန်းကို အစ္စလမ် လို့ ပြော နေတာ ဟုတ်ပါသလား ခင် ဗျာ။
  • Pandita Ugga စစ်တက္ကသိုလ် ပီးဆုံးအောင် တက်နိုင်တဲ့သူတွေကမှ ယောကျာ်းကောင်းတွေ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တဲ့ ယောကျာ်းကောင်းတွေ သာဆိုရင်..ဒို့နိုင်ငံကြီး ဒီလောက်ထိ အောက်ကျ နောက်ကျ မဖြစ်သင့်ဘူး။ စီးပွားရေး၊ ပညာရေး ကျန်းမာရေးတွေမှာ ဒီလောက် စိတ်ဓါတ်ကောင်းတဲ့ စစ်တက္ကသိုလ်ကို ပြီးဆုံးအောင်တက်နိုင်တဲ့ ယောကျာ်းကောင်း ယောက်ျားမြတ်တွေ ပေါပါလျှက် အောက်တန်းကျနေရတာ...ဘာကြောင့်တုန်း
  • ဧပ ရယ် မင်းကကောဘာ ကောင် လဲ
  • Thet Tun Naing ကိုယ်အ ကြောင်း ကိုယ် အသိဆုံပါ။ သေချာတာတော့အနှစ်(၂၀) လုံးဘယ်ရောက်နေမှန်း မသိ။
    ခုမှ မိုး ပြော ဂျိုး ပြောနဲ။ တယ် လည်းခတ်တဲ့ လူတွေပါလာ။
Continue reading →

လှထွဋ်စိုး ပြောသော မိုးဟိန်းအကြောင်း

0 comments

ညီလာခံကို ယခုအထိ အသိအမှတ်မပြုသေးသောသူ သို့မဟုတ် ကို … မိုးဟိန်း –

ကိုမိုးဟိန်းထုတ်ဝေခဲ့သည့် ကြိုးမဲ့လေတံခွန် စာသားများဖြင့် ဖော်ပြရလျှင် “ဒီမှာ … ကိုမိုးသီးဇွန် ငါးပါးသီလ ပေးတတ်ရုံနဲ့ ကျောင်းထိုင်ဘုန်းကြီးတော့ ခင်ဗျားလုပ်လို့ မရနိုင်ပါဘူး” ဆိုသည့်စကားနှင့်ပင် ကိုမိုးဟိန်းကို တုံ့ပြန်ချင်ပါသည် . . .
၂၀၁၃ သြဂုတ် ၃၀ မှ စက်တင်ဘာ ၅ အထိ အကျုံးဝင်သော သတင်းဂျာနယ် တစ်စောင်တွင် ၂၄နှစ် ရှိပြီဖြစ်သော ““ကြိုးမဲ့လေတံခွန်”” နှင့် ပတ်သက်၍ ဟူသော Opinion  ကို ဖတ်ပြီးနောက် အတွေးစများက ချဉ်းနင်း ၀င်ရောက် လာကြပါသည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီကို စတင်ဖွဲ့စည်း တည်ထောင်ရာတွင် ရဲဘော် မိုးသီးဇွန်က ဥက္ကဋ္ဌ၊ ရဲဘော်သက်ထွန်းက ဒုတိယဥက္ကဋ္ဌနှင့် ကိုမိုးဟိန်းက အထွေထွေ အတွင်းရေးမှူး၊ ကိုရဲနိုင်အောင်က တွဲဖက် အထွေထွေ အတွင်းရေးမှူးအဖြစ် (၁၉၈၈ မှ ၁၉၈၉)အထိ တာဝန်ယူ ခဲ့သည်မှာ မှန်ပါသည်။
၁၉၈၉ ခုနှစ် ဧပြီလအတွင်း ကျင်းပခဲ့သော ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ညီလာခံ မတိုင်မီတွင် ကိုမိုးဟိန်းနှင့် ကိုရဲနိုင်အောင်တို့ ပြုစု ရေးသားသော ကြိုးမဲ့ လေတံခွန် စာတမ်း ထွက်ပေါ်လာပါသည်။ ယင်းစာတမ်းပါ အဖြစ်အပျက် အကြောင်းအရာများမှာ ပါတီတွင်း၊ တိတိကျကျ ဆိုရလျှင် ပါတီ ဗဟိုကော်မတီအတွင်း လွတ်လပ်စွာ ဆွေးနွေး၍ ညှိနှိုင်း အဖြေရှာရမည့် အရာများ ဖြစ်သည်ဟု ယခုထက်တိုင် ယုံကြည်ထားဆဲ ဖြစ်ပါသည်။
သို့ရာတွင် ကိုမိုးဟိန်းတို့ဘက်မှ “ဖွင့်ချဖော်ထုတ် တိုက်ခိုက်ခြင်း” နည်းလမ်းကို အသုံးပြုပြီး “လူထု လှုံ့ဆော်ရေးလက်နက်” တစ်ခုသဖွယ် ကိုင်စွဲကာ ယင်းစာအုပ်များ အထပ်လိုက် သင်္ဃန်းကျွန်းမြို့နယ် လူ့ဘောင်သစ်ရုံးသို့ ရောက်ရှိလာသည်မှာ လွန်စွာ အရုပ်ဆိုး အကျည်းတန် လှပေသည်။ …
ကိုမိုးဟိန်းက သူသည် ထိုအချိန်တွင် အသက် ၂၄ နှစ်သာ ရှိသေးသည်ဟု ဆိုပါသည်။ သို့ဆိုရလျှင် ကျွန်တော်သည်လည်း မာယာကော့ဗ်စကီး၏ ကဗျာစာသားကို ငှားသုံးရမည်ဆိုပါက ““၂၃ နှစ်သား လူချော လူလှလေး”” တစ်ဦးပင် ဖြစ်ပါသည်။ ဆိုလိုချင်သည်ကား နိုင်ငံရေးကို လုပ်ဆောင်ကြရာဝယ် အသက် သိပ်မကွာ၍ အတွေးအခေါ်များမှာလည်း လွန်စွာ ကွာဟကြမည်ဟု မထင်မြင်ပါ။
ကိုမိုးဟိန်း ရေးသားထားသည့် ““ပါတီကို ဖြတ်သန်း သယ်ဆောင်လာခဲ့ကြတဲ့ ခေါင်းဆောင် အားလုံး””ဟု ဆိုရာတွင် ၁၉၈၉ ဧပြီလ ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ညီလာခံမှ ဆုံးဖြတ်သော ဥက္ကဋ္ဌ ကိုရဲလင်းနိုင် (ခ) ရဲဘော်အောင်ဇေယျ၊ အထွေထွေ အတွင်းရေးမှူး ကိုသက်ဇော်(ခ) ရဲဘော်ဗဟိန်းအောင် (ယခုစာရေးဆရာ ဇော်သက်ထွေး) တို့၏ အမည်နာမများ ယခုအချိန်တွင် အဘယ်ကြောင့် ပြုတ်ကျန် နေရပါသနည်း။
ပါတီသည် ၂၅ နှစ်ကြာ ဖြတ်သန်းမှု သမိုင်း ကြမ်းတမ်းခဲ့သည် ဆိုခြင်းမှာ မှန်ကန်ပါသည်။ ပါတီအား တပ်နှင့်ဝိုင်း၍ ၂၄ နာရီအတွင်း ထွက်ခွာပေးရမည်ဟူသော အမိန့် ပေါ်ထွက်လာချိန်တွင် ပါတီဝင်တို့သည် တော်လှန်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (သို့မဟုတ်) မျိုးချစ် ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစု အမည်ခံကာ ဆက်လက် လှုပ်ရှား ရပ်တည်ခဲ့ရခြင်းကို ကိုမိုးဟိန်း အဘယ်ကြောင့် မေ့ဖျောက် ပစ်ခဲ့ပါသနည်း။ ယင်းမျိုးချစ် ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစုမှ ဦးစီးဦးကိုင် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့အား အဘယ်ကြောင့် ချန်လှပ်ခဲ့ရပါသနည်း။
“ကြိုးမဲ့လေတံခွန်” နှင့်ပတ်သက်၍ “မှားယွင်း ချွတ်ချော်မှုအတွက် ဒီကနေ့ ကျွန်တော့်အနေနဲ့ မှားယွင်း ခဲ့တယ်လို့ ယူဆတယ်။ ဒါကြောင့် ဒီနေရာက တောင်းပန်လိုက်ပါတယ်” စာသားမှာ မလိုအပ်တော့ပါ။ ၂၄ နှစ် ကြာမြင့်ပြီးမှ မှားယွင်းမှုနှင့် တောင်းပန်ချက်တို့မှာ အရာထင်တော့မည်ဟု ကျွန်တော် ယုံကြည်မှု မရှိတော့ပါ။ မေ့ပျောက်ပစ်ရန်လည်း အဓိပ္ပာယ်မရှိပါ။ ၀ါးရုံတော ညီလာခံတွင် စိတ်ဝမ်းကွဲခဲ့ကြရသော ညီအစ်ကို ရဲဘော်များ အတွက်လည်း ကိုမိုးဟိန်း၏ အထက်ပါ စကားတစ်ခွန်းသည် ပြီးပြည့်စုံ လုံလောက်သည်ဟု ခံယူ၍ မရနိုင်ချေ။ ထို့ကြောင့် အကြောင်းမထူးသော သမိုင်းဟောင်းကို ပြန်လည် တူးဆွနေခြင်းသာ ဖြစ်ပါလိမ့်မည်။ နောင်တရသည် ဆိုလျှင်လည်း ဤနောင်တမှာ နောက်ကျခဲ့ပေပြီ။ ၂၄ နှစ်ကြာခဲ့ပြီ။
ကျွန်တော်တို့ လေးစားချစ်ခင် မြတ်နိုးသော ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၆ ခုနှစ်ကာလ အတွင်းဝယ် တက္ကသိုလ်သမဂ္ဂ၏ အိုးဝေဂျာနယ် အယ်ဒီတာ ဖြစ်နေလေပြီ။ ထိုအချိန်၌ ဗိုလ်ချုပ်၏ အသက်သည် ၂၁ နှစ်သာ ရှိသေးသည်။ ထို့ကြောင့် ကိုမိုးဟိန်း၏ အသက် ““၂၄ နှစ်ပဲ ရှိပါသေးသည်။ နိုင်ငံရေး ရင့်ကျက်မှုလည်း အများကြီး အားနည်းနေပါသေးတယ်”” ဟူသော စကားရပ်သည် လုံလောက်သော ဆင်ခြေတစ်ရပ် မဟုတ်ချေ။ ယင်းမှားယွင်းမှုများအတွက် ကိုမိုးဟိန်းသည် မလွဲမသွေ တာဝန်ခံရမည်သာ ဖြစ်ပေသည်။
ဤဆောင်းပါး၌ အဓိက တင်ပြလိုသော အချက်မှာ ကိုမိုးဟိန်းသည် ညီလာခံမှ တင်မြှောက်ထားသော ကိုရဲလင်းနိုင် (ခ) ရဲဘော်အောင်ဇေယျနှင့် အထွေထွေ အတွင်းရေးမှူး ကိုသက်ဇော် (ခ) ရဲဘော် ဗဟိန်းအောင် (ယခုစာရေးဆရာ ဇော်သက်ထွေး)တို့အား ပစ်ပယ်ခြင်း၊ မဖော်ပြခြင်းသည် ညီလာခံအား အသိအမှတ် မပြုကြောင်း ၀န်ခံရာ ရောက်သည်ဟု သတ်မှတ်ပါသည်။
ညီလာခံ ဆိုသည်မှာ ပါတီဝင်ထု တစ်ခုလုံး၏ ယုံကြည်ကိုးစားရာ၊ ရင်ဖွင့်ရာ၊ လုပ်ငန်းစဉ် တစ်ခုလုံးကို အသိအမှတ် ပြုပေးနိုင်ရာ နေရာတစ်ခု ဖြစ်ပါတယ်ဟု ဆိုလျှင် ကိုမိုးဟိန်း  ငြင်းမည် မထင်ပါ။ ညီလာခံတွင် ကိုယ်တိုင် ၀င်အရွေးခံပါလျက် ဥက္ကဋ္ဌနေရာ၊ အထွေထွေ အတွင်းရေးမှူးနေရာ မရရှိသည့်အတွက် ညီလာခံကို ဆန့်ကျင်ခြင်းသည် ကြီးစွာသော သစ္စာဖောက်မှု တစ်ရပ်ဟု ခံယူပါသည်။ ညီလာခံ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက နောက်ဒုတိယအကြိမ် ညီလာခံတွင် မိမိ၏ ရပ်တည်ချက်၊ အဆိုပြုချက်များကို အများလက်ခံ သဘောကျအောင် ပါတီတွင်း ဒီမိုကရေစီတိုက်ပွဲ ဆင်နွှဲရမည် ဖြစ်ပါသည်။
ထို့အပြင် တော်လှန်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (သို့) မျိုးချစ် ဒီမိုကရက်တစ် လူငယ် တပ်ပေါင်းစုအားလည်း အသိအမှတ် မပြုခြင်းရာမည်ပေသည်။ ကိုအောင်မိုးဇော်၊ ကိုငွေလင်း၊ ကိုဇေယျတို့ ပါဝင် လာပါလျက် မျိုးချစ် ဒီမိုကရက်တစ် လူငယ်တပ်ပေါင်းစုအား ဖျောက်ဖျက်ထားခြင်းမှာ သဘာဝမကျဟု ခံယူပါသည်။ ယင်းအချက်သည်လည်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်းကို ဖျောက်ဖျက် ပစ်သည့်အသွင်သဏ္ဌာန် ပုံပေါ်နေပါသည်။
ကိုမိုးဟိန်း ထုတ်ဝေခဲ့သည့် ကြိုးမဲ့လေတံခွန်၏ စာသားများဖြင့် ဖော်ပြရလျှင် ““ဒီမှာ …ကိုမိုးသီးဇွန် ငါးပါး သီလ ပေးတတ်ရုံနဲ့ ကျောင်းထိုင်ဘုန်းကြီးတော့ ခင်ဗျားလုပ်လို့ မရနိုင်ပါဘူး”” ဆိုသည့် စကားနှင့်ပင် ကိုမိုးဟိန်းကို တုံ့ပြန် ချင်ပါသည်။
မိမိဆန္ဒတွေကို အလျှော့အတင်း လုပ်ဖို့၊ သဘောထားကြီးမှု၊ အပြန်အလှန်ရှိဖို့၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု စသော စာရွက်တွေ၊ ဂျာနယ်တွေပေါ်မှာ ရေးထားသော စကားလုံးများဖြင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အနာဂတ်ကို ချုပ်ကိုင်ဖို့၊ ခြယ်လှယ်ဖို့၊ ၀င်ရောက်ဖို့ မစဉ်းစားပါနဲ့ဟုပင် ပွင့်ပွင့်လင်းလင်း ပြောချင်ပါသည်။
ကိုမိုးဟိန်း … ခင်ဗျားရဲ့ အတွေးအခေါ်တွေသည် အရမ်းကို နောက်ကျသွားခဲ့ပြီ ဖြစ်ပါသည်။ ညီလာခံကို ယခုအချိန်အထိ အသိအမှတ် မပြုသော ခင်ဗျားကို ကျွန်တော်တို့လို ပါတီဝင်တွေကလည်း ဘယ်လိုအသိ အမှတ်ပြုရမလဲ ဆိုတာ ခင်ဗျားသိစေလိုက်ချင်ပါရဲ့ …။
လှထွဋ်စိုး
Continue reading →

မိုးဟိန်းအရှုပ်တော်ပုံများ

0 comments

-       ဒီနေ့ ရဲ့ထူးခြား သတင်းကတော့ မြန်မာပြည်က ဒိတ်ဒိတ်ကျဲ သူဌေးကြီး ဦးတေဇနဲ့ မနေ့တစ်နေ့ကမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြည်ပမှပြန်လည်ဝင်လာသ၊ူ KBZ ဦးအောင်ကိုဝင်းရဲ့ လက်ကိုင်တုတ်လို့ လူပြောများနေတဲ့ အမေရိကန်နိုင်ငံသားခံယူထားသူ မိုးဟိန်း(ခေါ်) ထောင်သူရဲဘအုပ် တို့၏ မီဒီယာ တိုက်ခိုက်ရေးတွေဟာ ပြင်းထန်လာပါတယ်။
ဦးတေဇ၏ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း ကြံဆောင်တဲ့ မီဒီယာ ကို လက်တစ်လုံးကြား လိမ်၍ နာမည်ကောင်းရယူနေသူ သူရိယနေ၀န်းကို ဦးတေဇက တရားစွဲဆိုတော့မှာ ဖြစ်ပါတယ်။
လွတ်လပ်ခါစရှိသေးတဲ့မီဒီယာကို ခုတုံးလုပ်၍ အမြတ်ထုတ်ဖို့ကြံနေသူ မိုးဟိန်းကို မီဒီယာလောက ပပျောက်သွားအောင် အပြတ်ရှင်းတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
-       မိုးဟိန်းအကြောင်းနဲနဲ ပြောပြမယ်ဗျာ။မိုးဟိန်းအကြောင်းကို အပိုင်း ၄ ပိုင်းခွဲပြီးတော့ နားနားပြီးပြောပြပါမယ်။ဒါတွေဟာ သတင်းအမှန်လား အမှားလားဆိုတာ ဖတ်ကြည့် ဝေဖန်နိုင်ပါတယ်။
-        
အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက “ဂန္တ၀င်ရွှေပုဂံ” (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်တေးဂီတ စတင်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင် ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။ မိုးဟိန်းဟာ ထောင်ထွက်ဗျ၊ မိန်းမရှိနေလျှက်နဲ့ထောင်ထဲမှာတွေ့ခဲ့တဲ့ ရှမ်းတိုင်းရင်းသူလေးတဦးကို လူပျိုဆိုပြီးလက်ထက်ခွင့် လိမ်ညာတောင်းခံခဲ့တယ်၊ ထောင်ကလွတ်လာတော့  အိမ်ထောင်ပြုခဲ့တယ်။ နောက် သားသမီး ၃ ယောက်မွေးခဲ့တယ်။ သူက ထောက်လှမ်းရေး(၇)မှာလဲ သတင်းပေး လုပ်ခဲ့ ဖူးသေးတယ်ဗျ ။ ထောက်လှမ်းရေး(၇)ကဖွင့်ထားတဲ့ Power ရေဆေးဆီထိုးလုပ်ငန်း မှာ မန်နေဂျာလုပ်ခဲ့သေးတယ်။ နောက် ၁၆ နှစ်သမီးကို အလိုမတူဘဲ ယိုးဒယားကို ခိုးပြေးပြန်တယ်။ ရှုပ်တာကတော့ တိတ်တိတ်ပုန်းတစ်မျိုး ပေါ်တင်တစ်မျိုး၊ အမျိုးမျိုးပါပဲ။
-       နောက်တော့ နိုင်ငံရေးလုပ်ရင်း ထိုင်းဘက်ကိုပြေးတယ် ။ ထိုင်းမှာ မိုးသီးဇွန်နဲ့ အတူတူနေခဲ့တယ်။ မိုးသီးဇွန် အမေရိကန်ရောက်တော့ သူ့ကို လှမ်းခေါ်တယ်။ဟိုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီးနေခဲ့တယ် -အမေရိကန် နိုင်ငံသား လည်းခံယူထားတယ်။ပထမ မယားကြီးကလည်း US မှာတရားဆွဲဆိုမှုတွေဖြစ်ခဲ့ သေးတယ်ဗျာ။နောက်တော့ ပြည်ပြေးအနေဖြင့် နိုင်ငံခြားမှာ Taxi မောင်းစားခဲ့ရရှာတယ်။
-       ဟော..နောက်တော့ ဦးသိန်းစိန် အစိုးရခေတ်မှာ ပြည်ဝင်ခွင့် ပေးလိုက်တော့ ပြန်ပါလာတယ် ။ ပြန်ရောက်လာတော့ သူ့သူငယ်ချင်း ဦးယုနိုင် ကတစ်ဆင့် ၀န်ကြီး ဦးအောင်သောင်းဖြင့် ချိတ်မိပြီး မီဒီယာ လောကထဲကို ဂြိုလ်မွှေဖို့ရောက်တော့တာပဲဗျာ။ ဦးအောင်သောင်းမှ မီဒီယာ တစ်ခုပြုလုပ်ရန် တာဝန်ပေး ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်မြင့်အားငွေကြေးထောက်ပံ့ပေးရန် တွဲဘက်ပေးခဲ့တယ်။ ဦးဝင်မြင့်ကလည်း သူ့သား သူရိန်ဝင်မြင့်ကို တစ်ဆင့်တာဝန်ပေးခဲ့ပြန်တယ်။ ပထမတော့သူတို့ဟာ ခေတ်မိုး နေ့စဉ်သတင်းစာ ထုတ်ဖို့ ဦးအောင်ကိုဝင်းကသိန်း ၃၅၀၀ထုတ်ပေးထားပြီး ရှယ်ယာ၅၀%ရတယ်။ ဦးအောင်သောင်းက ၂၅% ဦးဝင်းမြင့်က ၂၅%သတ်မှတ်ခဲ့ကြတယ်။မိုးဟိန်းဟာ ဦးအောင်ကိုဝင်းနဲ့ ရင်းနှီးမှုရလာပြီး သူရိယအလင်း ဂျာနယ် ထုတ်ဝေဖို့လုပ်လာတယ်။
-       နောက်တော့ အရင်ထုတ်ဝေမယ့် ခေတ်မိုးနေ့စဉ်သတင်းစာကို ရပ်ဆိုင်းပြီးတော့ ဦးအောင်သောင်းရဲ့ စီစဉ်ညွှန်ကြာချက်နဲ့ ပြည်ထောင်စုဝန်ကြီးများ၊ သူဌေးကြီးများ၏ အတွင်းသတင်းရရှိရေး ဆောင်ရွက်ခဲ့ပြီး  သူရိယအလင်းဂျာနယ်ကနေ တိုက်ခိုက်ဖို့ ဆောင်ရွက်လာတယ်။
-        
-       ဦးအောင်သောင်းရဲ့ အတွင်းသတင်းတွေ စီစဉ်ပေးမှုကြောင့်လည်း သူရိအလင်းဟာ ဝန်ကြီးတွေ ခရိနီတွေ၊ အထူးသဖြင့် ဦးအောင်သောင်းနဲ့ ဦးအောင်ကိုဝင်းတို့ရဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်တဲ့ သတင်း မီဒီယာ အဖြစ်ရပ်တည်နိုင်ခြင်းဖြစ်တယ် ။နောက်တော့ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေများလာတော့ သူတို့အဖွဲ့ထဲက အယ်ဒီတာအဖွဲ့က လူတွေဟာ CEO မိုးဟိန်းနဲ့ မတည့်ဖြစ်ပြီး ကွဲကုန်တော့တာပဲဗျို့။ ဦးယုနိုင်က အရှုပ်ရှင်းတွေများလာတော့ သူရိယအလင်းထုတ်ဝေခွင့်ကိုရပ်ဆိုင်းလိုက်ပါတယ်။ ရပ်ဆို ဒိတ်ဒိတ်ကျဲ ကိုဖိုးလပြည့်ကို သွားထိတာကိုဗျ။ နောက်ဆို ဒီထက်ဆိုးလာမယ်ဆိုတာ သိတော့ ဦးယုနိုင်က ထုတ်ဝေခွင့် ကို ရပ်ဆိုင်းလိုက်ပါတော့တယ်။
-       ဒါပေမယ့် ကောက်ကျစ်စဉ်လဲတဲ့ မြေးခွေးအကြံ နဲ့ သူရိယနေ၀န်းကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေတယ်။ သူရိယနေ၀န်း ဆက်လက်ရပ်တည်ဖို့ ကျတော့ မြန်မာပြည်က ကျောင်းဆရာ သူဌေးကြီး ဦးအောင်ကိုဝင်းက ထောက်ပံ့ထားပြန်တယ်ဗျာ။ မိုးဟိန်းတို့ကတော့ ကံကောင်းချက်ကတော့ ခွေးရူးကောင်းတုန် တစ်မွန်တည့် ဆိုတာ သူအတွက်ဖြစ်သွားတယ်။ ဖအေ အားကိုးဖြင့် မိုက်ချင်တိုင်း မိုက်နေတာ မိုးဟိန်းကို မီဒီယာ လောကသားတွေက ဒီအတိုင်းပဲလွတ်ထားကြတော့မှာလား?
KBZ ဘဏ်ရဲ့ ဥက္ကဌ ကတော့ ဦးအောင်ကိုဝင်း ဖြစ်တာတော့ လူတိုင်းသိကြပါတယ်။ဒါပေမယ့် Father Land တို့ Mother Land တို့ကိုထောက်ပံ့ပေးနေတဲ့ KBZ ဘဏ်ရဲ့ဒုတိယ ဥက္ကဌကို သိကြပါသလား?
KBZ ဘဏ်ဟာ မွတ်စလင် ကို အပြည့်ဝထောက်ပံ့ပေးနေလို့လဲ ကြားသိရပါတယ်။ သူကဘာလူမျိုးလဲဗျ? အခုဖြစ်နေတဲ့မိုးဟိန်းပြဿနာနဲ့ ဒီလူမျိုးရေးပြဿာနာ ဆက်စပ်မှုရှိနေသလားဆို စဉ်းစားစရာဖြစ်နေပါတယ်။ မိုးဟိန်းကတော့ ငွေရရင်ပြီးရောလေ ထောင်ထွက်လည်းဖြစ် မိုက်မိုက်ကန်ကန်နဲ့ မြှောက်ပေးရင်း လုပ်မှာပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးဆိုတာ ကြည့်မှာမဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာ အမေရိကန်နိုင်ငံသား ခံယူထားတာဖြစ်တယ်လေ။
သူတို့အဖွဲ့ကွဲသွားတယ်ဆိုတာလည်း မိုးဟိန်း တစ်ကိုယ်ကောင်းဆန်ပြီးတော့ သူအကျိုးစီးပွားအတွက်လုပ်ခဲ့လို့ပဲဗျာ။
ဒါကြောင့် သူ့ရဲ့အလုပ်သမားတွေ ဘယ်လိုနစ်နာမှုတွေနဲ့ ရင်းဆိုင်နေရလည်းဆိုတာ မကြာခင် သိရပါတော့မယ်။
အနှစ်ချုပ်ရရင်တော့ မိုးဟိန်းဟာ အမေရိကန်နိုင်ငံသား၊သူရဲ့ နောက်ကွယ်က လူက မိုးသီးဇွန်၊ နောက်ပြီး သူရိယနေ၀န်း ရပ်တည်ဖို့ ထောက်ပံ့ပေးနေတာက KBZ၊ KBZ ရဲ့ ဘဏ် ဥက္ကဌက ခရိုနီ ဆရာကျောင်း ခေါ် ဦးအောင်ကိုဝင်း၊ KBZ ရဲ့ ဒု-ဥက္ကဌကတော့ မွတ်စလင်ကို ထောက်ပံ့ပြီး အားပေးအားမြှောက် လုပ်ပေးနေသူတစ်ယောက်ပေါ့။ မိုးဟိန်းဟာ ဘယ်သူရဲ့ လက်ကိုင်တုတ်ဖြစ်တယ် (သို့) သာသနာဖျက် တစ်ယောက် ဖြစ်တယ်ဆိုတာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် စာဖတ်ပရိသတ်ကြီး သိလောက်ပါပြီး။ 
 From: တွေးမယ်ရေးမယ်
Continue reading →

--