သူရိယအလင်း ဂျာနယ်တိုက် ထုတ်ဝေသူနှင့် အယ်ဒီတာများ က သဘောထား ထုတ်ပြန်မည်
-----------------------------------------------------------------------------------------------
ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးဘုရားလမ်း ၊ အမှတ် ၆၈ ရှိ သူရိယအလင်း
ဂျာနယ်တိုက်ကို လူ ၁၅ ဦးခန့်ဝင်ရောက်ပြီး ရုံးခန်းတွင်းရှိ ကွန်ပျူတာ
system ပုံး ၁၄လုံးနှင့် CCTVတစ်လုံးကို
ဖြုတ်ယူသွားကြောင်း အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားမှုများကို ယင်းတိုက်၏
ထုတ်ဝေသူနှင့် အယ်ဒီတာများ၏သဘောထား ကြေညာချက်ကို
နိုင်ငံပိုင် သတင်းစာများတွင် ၂၀၁၃ ခုနစ် အောက်တိုဘာ ၊ ၂၁ ရက်နေ့တွင် ဖော်ပြသွားမည်ဖြစ်ကြောင်း သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်က ပြောကြားသည်။
“ထုတ်ဝေသူနဲ့ အယ်ဒီတာအဖွဲ့တွေ တားမြစ်တဲ့ကြားထဲကမှ ပုဂ္ဂိုလ်ရေးထိခိုက်တဲ့ ဆောင်းပါးတွေပါသွားတဲ့ အတွက်
တောင်းပန်တာရယ် ၊ ဒီဂျာနယ်ကိုလည်း အပြီးရပ်ဆိုင်းပြီဆိုတာကို အများပြည်သူသိအောင် ကြေညာတဲ့သဘောပါပဲ”ဟု
The Voice ၏ မေးမြန်းချက်ကို ဖြေကြားသည်။
ပြဿနာဖြစ်ပွားသည့်ညက ထုတ်ဝေသူ၏ မွေးနေ့ဖြစ်သည့်အတွက် ညနက်မှသာ ဂျာနယ်တိုက်ကို ရောက်သွားခြင်းဖြစ်ကြောင်းနှင့် ဂျာနယ်များကို ဆက်ထုတ်ဝေရန် ဆန္ဒမရှိသည့်အတွက် တိုက်တွင်ရှိသော ဂျာနယ်များကို မဖြန့်စေချင်၍ သိမ်းဆည်းသွားခြင်းဖြစ်ကြောင်း ၊
၊ CEO ဦးမိုးဟိန်းရှင်းလင်းသွားသည့်အထဲတွင် CCTV ကိုဖြုတ်သိမ်းသွားသည်ဆိုသည်မှာလည်း မမှန်ကန်ကြောင်း
ထုတ်ဝေသူ ဦယုနိုင်ရှင်းပြသည်။
"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့ သူငယ်ချင်းတွေပါ။ CCTV တွေ ဖြုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ နောင်ကိုလည်း ဆက်ထုတ်ဖို့အစီအစဉ်မရှိတဲ့အတွက် system ပုံးတွေကို သိမ်းသွားတာပါ" ဟု ဦးယုနိုင်က ဆိုသည်။
The Voice Weekly