Tuesday, April 29, 2014

ကိုကိုးကျွန်းတွင် တရုတ်ရေတပ်စခန်းရှိသည် သူရိယနေ၀န်းမဟုတ်မမှန်ရေးသားဖော်ပြ

0 comments




ယခုအပတ်အတွင်း ထုတ်ဝေခဲ့သည့် ဧရာဝတီသတင်း Website နှင့် သူရိယနေ၀န်း သတင်းစာပါ မြန်မာ နိုင်ငံပိုင် ကိုကိုးကျွန်းတွင် တရုတ်ရေတပ်အခြေစိုက်စခန်းများရှိပြီး လေယာဉ်ကွင်းများအား တိုးချဲ့ဖောက်လုပ် နေသည့် သတင်းနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးမှ ငြင်းဆိုသွားခဲ့သည်။ ၎င်းမှ “အဲဒီ သတင်း လုံးဝမမှန်ပါဘူး၊ ကိုကိုးကျွန်းမှာ ဘယ်နိုင်ငံခြားသား စစ်အခြေစိုက်စခန်းမှ မရှိပါဘူး၊ ကိုကိုးကျွန်းမှာ ရှိတဲ့ လေယာဉ်ကွင်းကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာထဲက တည်ဆောက်ထားတာပါ၊ အရင်တုန်းက ပြေးလမ်း တိုတဲ့အတွက် လေယာဉ်လေးတွေသာ ဆင်းသက်လို့ရပါတယ်၊ အခု ကိုကိုးကျွန်းမှာရှိတဲ့ ဒေသခံပြည်သူလူထုနဲ့ ၀န်ထမ်းတွေ အဆင်ပြေစွာ သွားလာနိုင်စေဖို့ ATR-72 လေယာဉ်တွေ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ဖို့ လေယာဉ်ပြေးလမ်းအရှည်ကိုချဲ့နေတာတော့ရှိပါတယ်၊ သတင်းထောက်တွေအပါအ၀င် မည်သူမဆိုကိုကိုးကျွန်း ကို သွားရောက်လေ့လာနိုင်ပါတယ်၊ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလိုင်းကလဲ တစ်လနှစ်ခေါက်ပြန်သဘောင်္တွေ ပြေးဆွဲ နေတာရှိပါတယ်၊ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေအရ ကျွန်တော်တို့နိုင်ငံပိုက်နက်မှာ ဘယ်နိုင်ငံခြားသား တပ်ကိုမှ တပ်စွဲထားခွင့်မရှိပါဘူး”ဟု ပြောဆိုသွားသည်။

ထို့အတူ ကိုကိုးကျွန်း အထက်တန်းကျောင်းတွင် အထက်တန်းပြဆ ရာတာဝန်ထမ်းဆောင်နေသူ ဆရာဦးမင်းလှိုင်မှလည်း “ကိုကိုးကျွန်း မှ ဒေသခံတွေနဲ့ ၀န်ထမ်း တွေအပါအ၀င် လူ (၁၀၀၀ )လောက်ပဲရှိပါတယ်၊ လူနည်းတဲ့အတွက် ကျွန်းပေါ်ကို လူစိမ်းတက်လာရင် ချက်ချင်း သိပါတယ်။ အခုအချိန်အထိ ကျွန်းပေါ်မှာ တရုတ်လူမျိုး တစ်ယောက်မှ မရှိပါဘူး။ တရုတ်စစ်အခြေစိုက်စခန်း ရှိတယ်ဆိုတာလဲ မမှန်ပါဘူး၊ ဒါ သက်သက် ကျွန်တော်တို့နိုင်ငံကို သိက္ခာကျအောင်လုပ်နေတယ် လို့ မြင်ပါ တယ်။ လူတိုင်း ဒီကို လာလည်လို့ရနေတာပဲ၊ အရင်ကလည်း အပျော်စီးသင်္ဘောတွေလာပါတယ်။ လာလေ့လာ လို့ရပါတယ်၊ တရုတ်ရေတပ်စခန်းမပြောနဲ့၊ တရုတ်လူမျိုးတောင် တစ်ယောက်မှမရှိပါဘူး” ဟုပြောဆိုသွားသည်။

ကိုကိုးကျွန်းသည် မြန်မာနိုင်ငံတောင်ပိုင်း၊ ဧရာဝတီတိုင်း၏ တောင် ဘက်တွင် သော မြန်မာပိုင် ကျွန်းတစ်ကျွန်း ဖြစ်သည်။ ယခုအခါ မြန်မာ့တပ်မတော်ရေမှ အခြေချ စခန်းတစ်ခုရှိကြောင်းသိရှိရသည်။ လွန်ခဲ့သည့်နှစ်ဒီဇင်ဘာလ(၁၄)ရက်နေ့တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မြို့မှ ကိုကိုးကျွန်းသို့ မြန်မာနိုင်ငံတွင် တည်ဆောက် ထားသည့် F-11 အောင်ဖေယျ ဖရီးဂိတ် စစ်သင်္ဘောဖြင့်သွားရောက်ခဲ့ကြောင်း သိရှိရသည်။

မာတင်လေး
Hein Htet Fb

Sunday, February 16, 2014

Leave a Reply

--