သူရိယခွက်ပုန်းဂျာနယ်ထုတ်ဝေမည့်အကြောင်း အသိပေးကြေငြာချက်
၁။ သံချောင်းပါတီ(မြန်မာပြည်)မှ ““သူရိယခွက်ပုန်း”” အမည်ဖြင့် ဂျာနယ်တစ်စောင်ကို ထုတ်ဝေတော့မည်ဖြစ်ပြီး အများပိုင်ကမ်ပနီအဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဖြစ်သည်။
၂။ မုန့်ဖက်ထုပ်ရောင်းသူ၊ ယာဉ်နောက်လိုက်လုပ်သူ၊ လမ်းဘေးတောင်းရမ်းစားသောက်သူ၊ ဘီအီးကြိုက်သူ၊ ရေထမ်းရောင်းသူ၊ ခိုးဆိုးလုယက်သူ၊ ကားပေါ်တွင်ခါးပိုက်နှိုက်သူ၊ ဘိန်းရှူဆေးချသူ အားလုံးပင် ရှယ်ယာဝယ်ယူနိုင်ရန်အတွက် သံချောင်းပါတီကမ်ပနီရှယ်ယာစုကို နှစ်ရာကျပ်
(ဖြစ်နိုင်ရင် တစ်ရာကျပ်) ဖြင့် ရောင်းချသွားရန် စီစဉ်ဆောင်ရွက်နေပါသည်။
၃။ မြန်မာပြည်အနှံ့ ကျေးလက် ဇရပ် သုဿန်များမကျန် ဂျာနယ်တိုက်ခွဲများဖွင့်လှစ်သွားမည်ဖြစ်သည်။
၎။ အဆိုပါ ဂျာနယ်တိုက်ခွဲများတွင် လုပ်ကိုင်ရန် တာဝန်ခံနှင့် တာဝန်ပေးမည့် ပုဂ္ဂိုလ်များကို သံချောင်းပါတီအတွက် လော်ဘီလုပ်ပေးသူ၊ ပြည်သူ့သံချောင်းကိုသစ္စာခံသူ၊ သံချောင်းတပ်မတော်စစ်မြေပြင်တွင်မဲမဲမြင်ရာ စွန့်စားတိုက်ခိုက်မူးယစ်ခဲ့သူ၊ ထိုသို့စွန့်လွှတ် စွန့်စားမူးယစ်၍ အချုပ်ခန်းတွင် ခဏခဏ အိပ်ခဲ့ရသူ အမာခံယူဂျီများကို ဦးစားပေး တာဝန်ပေးအပ်သွားမည်ဖြစ်သည်။
၅။ ထို့ကြောင့် မူးယစ်ရမ်းကားမှုဖြင့် အချုပ်ကျ၍ ပြန်လွတ်မြောက်လာသူများ ဆက်သွယ်နိုင်ပါသည်။
Credit to: သမ္မတလောင်း မောင်သံချောင်းကိုအားပေးချစ်ခင်သူများ